Sunday, April 14, 2013

၁၃၇၄ ခုနှစ် မဟာသင်္ကြန် (အကျနေ့ ) ပုံရိပ်များ


 တိုက်ရိုက်ထုတ်လွှင့်မှု ကြည့်ရန်
အောက်ပါလင့်ကို နှိပ်ပါ။

http://newsofmm.blogspot.com/p/width480-height302-srchttpwww.html#.UWpWUvmj8ud











မြန်မာပြည်အနှံက ၁၃၇၄ ခုနှစ် မဟာသင်္ကြန် (အကျနေ့ ) ပုံရိပ်များ ကို NewsOfMyanmar မှ စုစည်းဖော်ပြသွားမည်ဖြစ်ပါသည်။
 တိုက်ရိုက်ထုတ်လွှင့်မှု ကြည့်ရန်
အောက်ပါလင့်ကို နှိပ်ပါ။

http://newsofmm.blogspot.com/p/width480-height302-srchttpwww.html#.UWpWUvmj8ud

Saturday, March 16, 2013

အမျိုးသမီး ၁ ဦး ရထားတိုက်မိ သေဆုံး



နေပြည်တော်၊ မတ် ၁၆

၁၅-၃-၂၀၁၃ရက်နေ့ ၀၇၂၅ အချိန် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရွာတော်ဘူတာနှင့် ပျဉ်းမနားဘူတာကြား မိုင်တိုင်အမှတ်(၂၂၆/၁-၂)ကြားတွင် အမှတ်(၁၀၉)အဆန် နေပြည်တော်-ပြည် ရထားသည် ရထားလမ်းဖြတ်ကူးသူအမျိုးသမီး ၁ ဦးအား ရထားစက်ခေါင်းဖြင့်တိုက်မိမှုဖြစ်ပွားခဲ့သဖြင့် ရထားလုံခြုံရေးလိုက်ပါလာသော ပြည်ရထားရဲတပ်ဖွဲ့စခန်းမှတပ်ဖွဲ့ဝင်များက စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးခဲ့ရာ ရထားတိုက်ခံရသူမှာ အသက်(၇၅)နှစ်ခန့် အမျိုးသမီး ၁ ဦးဖြစ်ပြီး ရထားတိုက်မိမှုကြောင့် ၀ဲဘက်နဖူး ပေါက်ပြဲဒဏ်ရာ၊ နှာခေါင်းသွေးထွက်ဒဏ်ရာ၊ ယာမျက်ခုံးပေါက်ပြဲဒဏ်ရာများရရှိခဲ့သဖြင့် နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံသို့ တင်ပို့ကုသခဲ့ရာမှ ၀၈၀၅ အချိန်တွင် သေဆုံးသွားသဖြင့် ပျဉ်းမနားရဲစခန်း သေမှုသေခင်း အမှတ်စဉ်(၇/၂၀၁၃)ဖြင့် အမှုရေးဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်း-မြန်မာနိုင်ငံရဲတပ်ဖွဲ့

____________________________________


ထစ်ခနဲရှိဆန္ဒပြကြ စတမ်းသာဆို ငါတို့ မိုးကုတ် တစ်မြို့လုံး ပြသင့်တာကြာပေါ့

မိုးကုတ်သူ တစ်ယောက် ရေးသည်

=======================


ထစ်ခနဲရှိဆန္ဒပြကြ စတမ်းသာဆို ငါတို့ မိုးကုတ် တစ်မြို့လုံး ပြသင့်တာကြာပေါ့
ဘိုးဘွားစဉ်ဆက် မြေကြီးထဲက ထွက်တဲ့ ကျောက် တစ်မျိုးထဲ နဲ့သာ အသက်မွေးကြတဲ့မြို့က လူတွေ ရဲ့နေရာ ကို အဲ့ဒီ ဦးပိုင်ဆို တဲ့ဟာတွေ ပဲ လာဝင်ကြီးစိုးသွားတော့ ကိုယ့်မြို့က လူတွေ ဘဝ တွေ ဒုက္ခရောက်ကြရော
တစ်သက်လုံး ဘယ် သူ့ လက်အောက်ဝန်ထမ်းမှ မလုပ်ဖူးတဲ့လူတွေ တစ်မြို့ တစ်ရွာ ပြောင်းပြီး အလုပ် လုပ်ရတယ်။ ကိုယ့်မြေက ထွက်တဲ့ကျောက် တောင် ကိုယ်မမြင်လိုက်ရ တဲ့ လူတွေဘဝ ။ လူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း ဘာမှကို မရှိတာ။ နိုင်ငံခြားသား လာလည်ခွင့်လဲ ခုထိ မပေးသေးဘူး
နဲနဲ သာဖွင့်ပေးလိုက်ပါ။ လူတွေ အလုပ်အကိုင်ရမယ် စီးပွားရေး လမ်းပွင့်မယ်
ဘယ်လို ဘဝ တွေရောက်ရောက် မိုးကုတ်တစ်မြို့ လုံး ကျွတ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံ ယုံကြည်တယ်။ စစ်တပ်က သေနတ်တွေ ချိန်ထား တာတောင် တစ်မြို့လုံးက လူတွေ အကြောက်အလန့်မရှိ ဒေါ်စုကို ကြိုကြတယ် ။ ချစ်လည်း တော်တော်ချစ်ကြတယ်။အဲ့ဒါ ခုမှ မဟုတ်
ကိုယ်တွေ ငယ်ငယ် လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က ရင်း ခုထိ မပြောင်းလဲ ပဲ ထောက်ခံယုံကြည်တယ်။
တစ်ခုခုလေး ကူညီပါ အရေးယူပေးပါ
ဘာညာ များ ကျုပ်တို့ မိုးကုတ်သား တွေ အပူကပ် ဆန္ဒပြတာ ကြားဖူးလား ။ ကိုယ့် နည်းကိုယ့်ဟန်နဲ့ရုန်းကန်ကြရင် လောကဓံကို ကျိတ်ခံနေကြဆဲ ပဲ။ တစ်ကယ်တန်း အခု အချိန်ထိ မြို့က လူတွေ အသက်ရှူမချောင်သေးပါဘူး။
လွှတ်တော် အမတ် ဆိုတဲ့ ဦးဘဌေး က လဲ ဘာမှ သုံးစားလို့မရ တဲ့ ပလောင်ငဖား။
အခုထိ ကျောင်းမနေနိုင်တဲ့ ကလေးတွေ ရှိသေးတယ် ။ အခမဲ့ပညာရေး ဖောင်ဒေးရှင်း တောင် ခုမှ ဝိုင်းထူ ထောင်လို့ ကလေး တွေ စာသင်နိုင်တာ။
ကျိကျိတက် ချမ်းသာတဲ့ မိုးကုတ်သူဌေးတွေ အများကြီးရှိပေမဲ့သူတို့က ဘယ်လိုများ ကူညီနိုင်မှာလဲ ။ ကူညီ နိုင်လောက်အောင် ကမ္ဘာ့သန်းကြွယ်သူဌေးတွေမှ မဟုတ်တာ။
အစိုးရ ကပဲ အလုပ်အကိုင်လမ်းကြောင်းဖွင့်ပေးခြင်း နဲ့ လူတွေဘဝ ကို ဆွဲထူနိုင်မှာ။
ကလေး ငယ်ငယ်လေးတွေ ကျောင်းမတက်နိုင်ပဲ ချောင်းတစ်ကာ လျှောက်သွားပီး ခနဲဆေး တာတောင် မိသားစု တစ်စု စာ မရပ်တည်နိုင်ဘူး။မိုးကုတ်မြို့ အတွက် ဘာများ စကားထဲ ထည့်ပြောကြတာ ကြားဖူးလဲ ။
တောင်တွေ ဖြိုပြီး ကျောက်တွေ ရနေတာ လဲ မိုးကုတ်သား တစ်ယောက်မှ မပါသလောက်ရှားတယ်
မိုးကုတ် ကျောက်မြင်ဖူးချင်ရင် ကမ္ဘာအေးဘုရားလမ်းက ကျောက်မြတ်ပြတိုက်မှာသာ ကြည့် လို့ရမယ်
မိုးကုတ်မှာ ဓာတ်ပုံ ထဲ က ကျောက်တွေပဲ တွေ့ရမယ်

ကဲ ငါတို့ မြို့ကလူတွေ ခု ခန အဆင်မပြေသေးမဲ့
တစ်ခါမှ ကိုယ့်ခေါင်းဆောင်ကို မစော်ကားဘူး
မမိုက်ရိုင်းဘူး
မဖြစ်နိုင်သေးတာတွေကို မတောင်းဆိုဘူး
ဒေါ်စု က တန်ခိုးရှင်မဟုတ်ဘူး
သူ့ လက်ထဲ မှာ အာဏာ မရှိသေးဘူး
သူ့လုပ်နိုင်သလောက် ဘောင်တစ်ခုထဲ က နေ
သူ လုပ်နိုင်တာ ထက်ပို လုပ်ပေးနေတာ
တို့မြို့က နားလည်တယ်
ဧည့်သည် ကို ဖော်ရွေ ချစ်ခင်တယ်
လိုလိုသေး မရှိ ဧည့်ဝတ်ကျေကြတယ်
အဲ့ဒါ ငါတို့ မြို့သူမြို့သားတွေရဲ့ အဆင့်အတန်းပဲ



____________________________________
Reference and Credit to -Pont Pont

နိုင်ငံရေးလုပ်တယ်ဆိုတာ Bird eye view နဲ့လဲ မြင်တတ်ရသလို အသေးစိတ်ကိစ္စတွေကိုလဲ ခွဲခြမ်းစိတ်ဖြာနိုင်ရပါတယ်။ By Myo Set


စာဖတ်ရင်းငြိမ်သက်နေရာကနေ သတင်းတွေဖတ်မိတဲ့အခါမှာ မအောင့်နိုင်တော့လို့ ရေးမိပါတယ်။
====================================================



နိုင်ငံတော်အဆင့်ပရောဂျက်မှန်သမျှဟာ ကလေးကစားသလို လုပ်လို့မရဘူးဆိုတာ နားလည်ဖို့ကောင်းပေမယ့် နားမလည်ကြသူတွေများတဲ့အတွက် ဒီအချက်ကို ခုတုံးလုပ်ပြီးဒေါ်စုကို အကြပ်ကိုင်တာပါပဲ။ ဒေါ်စုကိုတိုက်ပြီး နာမည်ရအောင်လုပ်တဲ့နည်းပေါ့လေ။ ဖြတ်လမ်းနိုင်ငံရေးနည်းပေါ့။ ဒီဖြတ်လမ်းနည်းကို သုံးပြီး အောင်မြင်မှုရသွားခဲ့တဲ့ ကမ္ဘာကျော်ခေါင်းဆောင်၊ အမျိုးသားသူရဲကောင်း ရှိတယ်လို့ ဒို့များ တစ်ခါမှ မကြားခဲ့မိဖူးပါ။

လက်ပံတောင်းတောင်ကိစ္စဆိုတာ မုံရွာကိစ္စတင်မဟုတ်ဘူး။ စွမ်းအင်မွတ်သိပ်နေပြီး ကမ္ဘာကြီးကို ခြိမ်းခြောက်လာနေတယ်ဆိုတဲ့ တရုတ်နဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့အမြင် ဒီကိစ္စကို ကိုင်ပြီးမွှေဖို့ အမေရိကန်ဒစ်ပလိုမက်တွေကလဲ ပါးစပ်ပြင်နေကြတယ်။ ဒါကိုကြည့်ချင်ရင် သွဲ့သွဲ့ဝင်းကို သံမဏိမယ်ဆိုပြီး နယူးယောက်တိုင်းမ်က မြှောက်ပေးခဲ့တာကို ပြန်ကြည့်လို့ရမှာပါ။ နယူးယောက်တိုင်းမ်က ချင်းမိုင်အခြေစိုက်ဖူလာတို့အုပ်စုတွေ ချင်းမိုင်က နယ်စပ်အုပ်စုတွေနဲ့ဘယ်လို လုံးထွေးတတ်သလဲဆိုတာ ဆက်စပ်ကြည့်ပါ။

လက်ပံတောင်းတောင်ကိစ္စကိုတုန့်ပြန်မှုအပေါ်မူတည်ပြီး တရုတ်ရဲ့ မြန်မာအပေါ် ပေါ်လစီအပြောင်းအလဲတွေအများကြီးဖြစ်လာနိုင်မယ်လို့ထင်တယ်။ ဝတပ်မတော်ရဲ့အင်အား၊ ကေအိုင်အေက ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တရုတ်မှာပဲ လုပ်ချင်တယ်လို့ ဆိုလာတာတွေ..ဒါတွေကို ဆက်စပ်တွေးကြည့်၇င် တရုတ်ရဲ့ မြန်မာ့အရေးကို ကစားချင်ရင် အလွယ်ကလေးပဲဆိုတဲ့ ကိစ္စကို နားလည်နိုင်ကြမှာပဲ။

ငါးထောင်တန်အတုတွေဝင်နေပြီး ဖောင်းပွနေတဲ့မြန်မာ့ငွေကြေးကို ထိုးနှက်နေတဲ့ မူရင်းဇစ်မြစ်က တရုတ်ဆီက လာပါတယ်။ အတုသတင်းထွက်ပြီးရွှေဈေးနဲ့ဒေါ်လာဈေး ခါသွားပါတယ်။ ကမ္ဘာ့ဈေးနဲ့ သက်ဆိုင်ပေမယ့် ငွေတုသတင်းကြောင့်ဘဏ်တွေအပေါ် လူထုယုံကြည်မှု ကျဆင်းလာရင် မာတဲ့ ဒေါ်လာ၊ ရွှေနဲ့ အိမ်ခြံမြေဈေးလှုပ်လာပါမယ်။ အခြေခံစားသုံးကုန် ဆီ၊ လောင်စာနဲ့ ဆန် လှုပ်လာပါမယ်။ ဒါတွေကို နိုင်ငံရေးမာစတာလို့ လုပ်နေတဲ့သူတွေ မြင်ခဲ့ပါသလား။ မာ့စ်အကြောင်းပြောနေပြီး တစ်ဝဲတည်းဝဲနေတဲ့ လက်ဝဲဆရာတွေ မာ့စ်ရဲ့ ဘောဂဗေဒရှုထောင့်တွေကို ပိုင်နိုင်စွာနဲ့မြင်ခဲ့ပါသလား။

ပါဝါမျှခြေထိန်းခြင်းဆိုတာ မလုပ်တတ်ရင် ပြဿနာရှိတဲ့အကြောင်းကို အင်္ဂလိပ်မြန်မာ စစ်ပွဲတွေက သက်သေပြနေဆဲပါ။ ပြင်သစ်နဲ့ မဟာမိတ်ဖွဲ့ဖို့ကြိုးစားခြင်းက သမိုင်းမှာ အင်္ဂလိပ်တွေ မြန်မာ့လမ်းကြောင်းကို လက်ဦးမှုရယူထားဖို့ တွန်းအားပေးခဲ့တာပါ။ အခု သမိုင်းမှာ ခပ်ဆင်ဆင် လာပြန်ပါပြီ။ ပတ်လည်ဝိုင်းမဟာဗျူဟာအရ အမေရိကန်က တရုတ်ကို ပတ်ချာလည်ပိတ်ဆို့ဖို့ ကြိုးစားတဲ့အတွက် မြန်မာကို စိတ်ဝင်စားပြီး တရုတ်ကလဲ ဒါကို အထူးသတိထားနေပါတယ်။

ကြားထဲက မြေဇာပင်မဖြစ်စေဖို့အတွက် ဒေါ်စုက အမေရိကားခရီးစဉ်မှာ မြန်မာဟာ ကန်-တရုတ်နဲ့ မိတ်ဆွေဖြစ်ဖို့လိုကြောင်း ဖိ ပြီးပြောခဲ့တယ်။ တစ်ကြိမ်တည်းမကပြောခဲ့တယ်။ လက်ပံတောင်းအရေးအခင်းဟာ ကျန်သော ယွမ်ငွေ ဘီလျံနဲ့ချီပြီး ရင်းနှီးမြုပ်နှံမှုတွေအပေါ် သက်ရောက်မှာမို့ တရုတ်ကလဲ မျက်စိဒေါက်ထောက်ကြည့်နေတာပါ။ မြန်မာလွတ်လပ်ေ၇းရပြီး အင်္ဂလိပ်တို့ အာဖရိကမှာဆင်နွဲခဲ့တဲ့ ဒုတိယကမ္ဘာစစ်အပြီး စစ်ပွဲတွေဟာ အင်္ဂလိပ်ကုမ္ပဏီတွေဆုံးရှုံးမှာကို ကာကွယ်ဖို့ပါ။ အခု မြန်မာထဲက တရုတ်ရင်းနှီးမြုပ်နှံမှုတွေကို တရုတ်က လွယ်လင့်တစ်ကူ အဆုံးရှုံးမခံနိုင်ပါ။တရုတ်ရဲ့ တုန့်ပြန်မှုတွေကို ထည့်တွက်ရမှာဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်-အင်္ဂလိပ်တို့ရဲ့ ကြားညှပ်ခဲ့တဲ့ မြန်မာကို အခု ကန်-တရုတ်ကြား မညှပ်မိစေဖို့ စွမ်းဆောင်ခြင်းဟာ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်ရဲ့ အဓိကရည်ရွယ်ချက်တစ်ခုဖြစ်နေပါလိမ့်မယ်။

နိုင်ငံရေးလုပ်တယ်ဆိုတာ Bird eye view နဲ့လဲ မြင်တတ်ရသလို အသေးစိတ်ကိစ္စတွေကိုလဲ ခွဲခြမ်းစိတ်ဖြာနိုင်ရပါတယ်။ ဥာဏ်ကြီးသူစားကြေး ပါဝါပေါ်လစ်တစ်ခေတ်မှာ ဟန်ဝင်းအောင် သွဲ့သွဲ့ဝင်းတို့ ကိုစင်ပေါ်တင်ဖို့ ကြိုးစားနေတဲ့ လက်ဝဲဆရာတွေရဲ့ အလုပ်သမားတစ်ခေတ်ဆန်းရေး အိုင်ဒီယာကိုတော့ဖြင့် ဆလံသ မိပါပေတယ်။


____________________________________
Reference and Credit to -Myo Set

လက်ပံတောင်း အစီရင်ခံစာက ပြောသော စကား by Zeya Thu


ဒီတစ်ပတ်တော့ သမိုင်းဝင် လက်ပံတောင်းတောင် အစီရင်ခံစာထွက်တာနဲ့လည်း တိုက်ဆိုင်နေတာကြောင့် အစီရင်ခံစာအကြောင်းလည်း ရေးဖြစ်သွားတယ်။ အခုအချိန်မှာ လူစိတ်အ၀င်စားဆုံး ကိစ္စရပ် ဖြစ်နေတဲ့အပြင် မြန်မာနိုင်ငံ အနာဂတ်အတွက်လည်း အရေးကြီးပါတယ်။ အမြင်တွေကတော့ အမျိုးမျိုး ရှိကြမှာပဲ။ ဒီလိုရှိကြတာလည်း ကောင်းပါတယ်။ ကျွန်တော်လည်း ကျွန်တော် မြင်တာလေး ရေးထားပါတယ်။


လက်ပံတောင်း အစီရင်ခံစာက ပြောသော စကား

မြန်မာ့ ခေတ်သစ်သမိုင်းတွင် မှတ်တိုင် ဖြစ်သော လက်ပံတောင်း အစီရင်ခံစာတွင်  မြင်မိသော အချက်အလက်အချို့ကို ဆွဲထုတ်ကြည့်မိသည်။

စာချုပ်ပြန်ပြင်ချုပ်

စီမံကိန်းကို ရပ်၊ ယခု ပုံစံအတိုင်းဆက်လုပ်နှင့် ပုံစံပြောင်းလဲလုပ်ဟု ရွေးချယ်စရာ နည်းလမ်းသုံးလမ်း ရှိသည့်အနက် တတိယနည်းလမ်းကို ရွေးချယ်လိုက်သည်။ စီမံကိန်းသည် စီးပွားရေး အရ တွက်ချေကိုက်သည်၊သို့သော် သဘာဝပတ်ဝန်းကျင်၊ လူမှုရေးတို့အရ နစ်နာသည်များကို တွက်ချက်မှု အားနည်းသည်။ ထို့ကြောင့် ဒေသခံတို့ နစ်နာဆုံးရှုံးရသည်ကို ဖြည့်ဆည်းပေးရန် အစီရင်ခံစာက ဆုံးဖြတ်သည်။ တိုတိုပြောရလျင် စာချုပ်ကို စိတ်ကြိုက် ပြန်ပြင်ချုပ်။

စည်းမျဉ်းစည်းကမ်း ဘောင်သွင်းခြင်း

မြန်မာနိုင်ငံသည် သဘာဝသယံဇာတကြွယ်ဝသော နိုင်ငံဖြစ်သလို အခြားသော စီးပွားရေး ကဏများ မဖွံ့ဖြိုးသေးသည့် အဆင်းရဲဆုံး တစ်နိုင်ငံ ဖြစ်သည်။ ထို့ကြောင့် သဘာဝအရင်းအမြစ်ကို အခြေခံ စီးပွားရှာကြလိမ့်ဦးမည်။ ထိုသို့ လုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျ မဆောင်ရွက်နိုင်လျင် အငြင်းအခုန်များ ပေါ်ပေါက်လာနိုင်သည်။ ထိုအငြင်းအခုန်များကို ဖြစ်သောအခါမှ တစ်ခုချင်းစီ ကော်မရှင်ဖွဲ့နေလျင် အချိန်ကုန် လူပန်းလှသည်။ ထို့ကြောင့် စည်းမျဉ်းစည်းကမ်းဘောင်သွင်းခြင်း institutionalization လုပ်ထားနိုင်မှ အရင်းအမြစ်ပတိပက္ခကို မရှောင်ရှားနိုင်သည့်တိုင် ဖြေလျှော့နိုင်သည်။ ယခုအစီရင်ခံစာ၏ စဉ်းစားပုံမျိုးကို institutionalization ပြုလုပ်လိုက်လျင် သဘာဝရင်းမြစ်နှင့် ပတ်သက်သည်များကို စဉ်းစားရန် ယခင်ထက် ပိုမိုလွယ်ကူမြန်ဆန်သွားမည်။

နိုင်ငံခြားရင်းနှီးမြုပ်နှံမှု

မြန်မာနိုင်ငံဖွံ့ဖြိုးအောင် လုပ်ရန် ပြည်တွင်း အားနှင့် မဖြစ်နိုင်ကြောင်း အားလုံးသိပြီး ဖြစ်သဖြင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို ဖိတ်ခေါ်နေရသည်။ နိုင်ငံခြားရင်းနှီးမြုပ်နှံသူများသည် ညွန်ထဲသို့ မဆင်းမီ ခြေတစ်လှမ်း အရင်ဆင်းရသည် ဆိုသည့်အတိုင်း မြန်မာနိုင်ငံတွင်း ခြေစုံပစ်မ၀င်မီ လေ့လာအကဲခတ်နေကြဆဲ။ အထူးသဖြင့် ပြည်သူပိုင်သိမ်းသည့် ဓလေ့ရှိခဲ့သည့်၊ ဆုံးဖြတ်ချက်များကို ဘွာခတ်လေ့ရှိသည့် နိုင်ငံတွင် ယင်းတို့၏ လုပ်ငန်းများကို လာရောက် တိုးချဲ့သင့်မသင့် စဉ်းစားရာတွင် စီးပွားရေးအကျိုးအမြတ်ရှိမရှိ ( profit) ရော နိုင်ငံရေးအရ ရပ်သွားနိုင်ခြင်းရှိမရှိ (political risk) ကိုပါ အလေးပေး စဉ်းစားနေကြသည်။ လက်ပန်တောင်းတောင် ကိစ္စကို နိုင်ငံခြားရင်းနှီးမြုပ်နှံသူများ မျက်စိဒေါက်ထောက် ကြည့်နေကြချိန်တွင် အစီရင်ခံစာက “ဆိုခဲစေ၊ မြဲစေ” ဟု သက်သေပြလိုက်သည်။

ကြိုတင်စည်းမျဉ်း

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ စိတ်ချလက်ချလာပါဟု အစီရင်ခံစာက အချက်ပြလိုက်သော်လည်း မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သောကြောင့် မသိနားမလည်ဘဲ လာသမျှ ခွင့်ပြု၊ သဘာဝပတ်ဝန်းကျင် အထိခိုက်ခံမည်၊ လူမှုပတ်ဝန်းကျင် အထိခိုက်ခံမည် မဟုတ် (အရပ်စကားဖြင့် အချဉ်မဟုတ်) ဟု ကြေညာလိုက်ရာ ရောက်သည်။ ၀င်လာသမျှသော နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတို့သည်  Environmental Impact Assessment ( သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်ချေ လေ့လာဆန်းစစ်ချက်) Social Impact Assessment ( လူမှုရေး ထိခိုက်နိုင်ချေ လေ့လာဆန်းစစ်ချက်)၊ Corporate Social Responsibility ( စီးပွားရေးလုပ်ငန်းများ၏ လူမှုရေး တာဝန်ရှိမှု) စသည်တို့အတိုင်း ဆောင်ရွက်နိုင်ရမည်။

အသွင်ကူးပြောင်း

ဒေါ်အောင်ဆန်းစုကြည်အား ဆန့်ကျင်ဆန္ဒပြသည်မှာ ပထမဆုံးအကြိမ်ဟု ဆိုကြသည့် ဆန္ဒပြပွဲကြောင့် လူအများ အံ့အားသင့်ခဲ့ကြပြီး ယူကြုံးမရ ဖြစ်သူများလည်း အများအပြားရှိသည်။ အမှန်မှာ မည်မျှ ထင်ရှားကျော်ကြား လူချစ်လူခင်များသောသူဖြစ်စေ မူဝါဒချမှတ်သူနေရာသို့ ရောက်လာပါက အားလုံး၏ အချစ်ခံရသောသူ မည်သို့မျှ မဖြစ်နိုင်။ အဘယ်ကြောင့်ဆိုသော် သူချမှတ်သော မူဝါဒသည် အကောင်းဆုံး မူဝါဒဖြစ်သည့်တိုင် မကျေနပ်သူများ ရှိစမြဲ။ ဒေါ်အောင်ဆန်းစုကြည်သည်လည်း သာမန်လူသားသာဖြစ်ရာ လွှတ်တော်တွင်းဝင်ပြီး မူဝါဒချမှတ်သူအဖြစ် သို့ ကူးပြောင်းသည်နှင့် တစ်ကွေ့မဟုတ် တစ်ကွေ့တွင် သူ့အား ပေါ်ပေါ်ထင်ထင် ဆန့်ကျင်မှုများ တွေ့ရမည်မှာ မလွဲဧကန်။ ထိုတစ်ကွေ့သည် လက်ပံတောင်းတောင် အစီရင်ခံစာ ဖြစ်လာခဲ့ခြင်းသာ။

‘If you cannot stand the heat, don’t go into the kitchen’ “အပူမခံချင်ရင် မီးဖိုဆောင်ထဲ မသွားနဲ့”ဟူသော စကားတစ်ရပ်ရှိသည်။ နိုင်ငံ့အရေးလုပ်မှတော့ လူမုန်းခံရ အတိုက်ခိုက်ခံရမှာပဲဟု ဆိုလိုရင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ လက်ပန်းတောင်တောင် ခရီးစဉ်တွင်း ဓာတ်ပုံများကို မြင်ရသည်မှာ အထက်ပါ သဘောတရားကို ကောင်းစွာနှလုံးသွင်းထားပုံရပြီး မိမိအား ခါးခါးသီးသီး ဆန္ဒပြသူများကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ခဲ့သည်။



တိုင်းပြုပြည်ပြုပုဂ္ဂိုလ်နှင့် နိုင်ငံရေးသမား

‘A politician thinks of the next election. A statesman thinks of the next generation’

“နိုင်ငံရေးသမားသည် လာမည့် ရွေးကောက်ပွဲကို စဉ်းစားသည်။ တိုင်းပြုပြည်ပြုပုဂ္ဂိုလ်သည် လာမည့် မျိုးဆက်ကို စဉ်းစားသည်။” ဟူသော နာမည်ကျော် စကားတစ်ခွန်း ရှိသည်။ နိုင်ငံရေးသမားသည် လာမည့် ရွေးကောက်ပွဲတွင် အနိုင်ရရေးအတွက် မဲပေးမည့်သူ မကြိုက်မည့် ကိစ္စများကို ရှောင်သည်။ မဲပေးမည့်သူ ကြိုက်မည့်အရာများကိုသာ ထောက်ခံသည်။ မဲပေးမည့်သူ အကြိုက်သည် သူ့အကြိုက်နှင့် မတူ၊ တိုင်းပြည်အကျိုးနှင့် မတူလျင်လည်း ထုတ်မပြော၊ မဆောင်ရွက်။ တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်မှာမူ လာမည့်ရွေးကောက်ပွဲထက် တိုင်းပြည်၏ ရေရှည်အကျိုး သို့မဟုတ် လာမည့်မျိုးဆက်ကို အလေးထားသည်ဟု ဆိုလိုရင်း ဖြစ်သည်။  

လက်ပံတောင်းတောင် ကိစ္စတွင်လည်း ၂၀၁၅ ရွေးကောက်ပွဲ အတွက် ထိခိုက်နိုင်သည်ဟု မြင်ကြသည်များ ရှိသည်။ အမှန်မှာ လက်ပံတောင်းကိစ္စသာ မရှင်းနိုင်လျင် ၂၀၁၅ပင် ရောက်ချင်မှ ရောက်မည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် တာဝန်ဝင်ယူလိုက်ခြင်း ဖြစ်ပုံရသည်။ ၂၀၁၅သည် သူ့အတွက် အရေးကြီးသော်လည်း လက်ပံတောင်းကိစ္စသည် တိုင်းပြည်အတွက် အရေးကြီးသောကြောင့် ၀င်ထမ်းလိုက်ခြင်း ဖြစ်ပုံရသည်။

 လက်ပံတောင်းတောင် ကော်မရှင်တွင် ဥက္ကဌအဖြစ် ထီးလိုမင်းလို ဖြစ်နိုင်သူ ဒေါ်အောင်ဆန်းစုကြည်မှတစ်ပါး အခြားသူ မမြင်မိပါ။ လက်ပံတောင်းတောင် ကော်မရှင်သည် ဗြဟ္မာ့ဦးခေါင်းနှင့် တူသောကြောင့် တိုင်းပြည်၏ အခြားအရေးများတွင် ပါဝင်သည့် အခြားသော နိုင်ငံရေးသမားများက ခပ်ဝေးဝေးမှ နေကြသည့်တိုင် ဒေါ်အောင်ဆန်းစုကြည်သည် ရဲရဲဝံ့ဝံ့ ၀င်ပါခဲ့သည်မှာ သူ၏ မိမိကိုယ်ကိုယုံကြည်မှုနှင့် တိုင်းပြည်အရေး ဦးထိပ်ထားမှုတို့ကို ပြသနေသည်။

မုန်းတီးသူကို ဆန့်ကျင်ရသည်မှာ လွယ်သော်လည်း ချစ်သူကို ဆန့်ကျင်ရသည်မှာ ခက်ခဲသည်။ လူထုအားဖြင့် တက်လာသူအဖို့ လူထုထဲမှ အချို့ မကြိုက်သည်ကို ပြောရန်၊ လုပ်ရန်မှာ သာမန်သတ္တိဖြင့် မဖြစ်နိုင်။

 ကော်မရှင်တွင် ပါဝင်သောကြောင့် ဒေါ်အောင်ဆန်းစုကြည် အသုံးချခံရသည်ဟု ထင်မြင်သူများလည်းရှိသည်။ သို့သော် ကော်မရှင်၏ အစီရင်ခံစာအတိုင်း နာခံပါမည်ဟု မည်သည့်ရလာဒ်မျှ မထွက်သေးမီကတည်းက အာမခံခဲ့သောကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် အမှန်တကယ်တွင် blank check ခေါ် လက်မှတ်ထိုးထားပြီး မည်သည့်ကိန်းဂဏန်းမျှ ရေးမထားသော ဘဏ်မှ ငွေထုတ်ချက်လက်မှတ် ရလိုက်သလို ဖြစ်သွားသည်။ ကြိုက်ရာ ငွေပမာဏ ရေးပြီး သွားထုတ်လျင် ရသည့်သဘော။ ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ရာ နာခံရတော့မည့် သဘောဖြစ်ရာ အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ပုံအပ်လိုက်ခြင်း (trust) ကို မြင်နိုင်သည်။

စကားသုံးလုံး

လက်ပံတောင်း ကိစ္စသည် သိမ်မွေ့သလို နက်နဲသည်။ ယနေ့မြန်မာနိုင်ငံ၏အခြေအနေကို စကားလုံးသုံးလုံးတည်းနှင့် အနှစ်ချုပ်ပြောပါဆိုလျင် “လက်ပံတောင်း” ဟု ပြောနိုင်သည်။ လက်ပံတောင်း အစီရင်ခံစာသည်လည်း မြန်မာနိုင်ငံ့အရေး အစီရင်ခံစာပင် ဖြစ်သည်။



ဇေယျသူ


____________________________________
Reference and Credit to -ေဇယ်သူ
Posted By Admin Team[NOM]
(email:newsofburma.myanmar@gmail.com)

Thursday, March 14, 2013

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ၏ လက်ပံတောင်းတောင်-မုံရွာခရီးစဉ် နောက်ဆုံးသတင်းများစုစည်းမှု

မီဒီယာကြီးများထံမှ ရရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ၏ လက်ပံတောင်းတောင်-မုံရွာခရီးစဉ် နောက်ဆုံးသတင်းများစုစည်းမှု

-နိုင်ငံရေးလုပ်ခြင်းသည် အချစ်ခံချင်၍လုပ်ခြင်းမဟုတ်ဘဲ မိမိမှန်သည်ထင်ရာကိုလုပ်ကိုင်ခြင်းဖြစ်ရာ အမုန်းခံရနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
မုံရွာမြို့၊ ၀င်းယူနတီဟိုတယ်တွင် မီဒီယာသမားများနှင့်တွေ့ဆုံစဉ် လက်ပံတောင်းတောင်စုံစမ်းရေးကော်မရှင်တွင် ပါဝင်နေခြင်းသည် လက်ခုတ်ရာဓါးဝင်လျှိုနေသကဲ့သို့ ဖြစ်နေပါသလားဟူသော မီဒီယာသမားတစ်ဦး၏ မေးခွန်းကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
" အချစ်ခံချင်ရင် ဇာတ်ပဲကမှာပေါ့ " ဟုလည်း သူမက တုန့်ပြန်ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် မုံရွာဒေသခံများနှင့်တွေ့ဆုံပြီးနောက် ယနေ့ည ၆း၃၀ အချိန်ခန့်တွင် နေပြည်တော်သို့ပြန်လည်ထွက်ခွာသွားရာဒေသခံများက ပို့ဆောင်ပေးခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများကလည်း လုံခြုံရေးကို ကြပ်မတ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။(သတင်း-The Messenger Journal)

-ဒေါ်အောင်ဆန်းစုကြည်သည် ညနေ ၆နာရီ မိနစ်၃၀တွင်မုံရွာ မြို့မှ နေပြည်တော် သို့ ထွက်ခွာသွားပြီဖြစ်သည်။ ၀င်းယူနတီဟိုတယ်ရှေ့တွင်ညနေကတည်းက စောင့်ဆိုင်းနေသောလူအုပ်မှာ ၅၀၀နီးပါးအထိ တိုးလာပြီး “အမေစုကျန်းမာပါစေ”၊ “အမေစုကိုထောက်ခံ ပါတယ်”ဟု အော်ဟစ်ကာ အားပေးနှုတ်ဆက်ခဲ့ကြကြောင်း 7 Day News သတင်းထောက်က သတင်းပေးပို့သည်။(သတင်း-7Day News Journal)



-၆ နာရီ ၃၀ မိနစ်တွင် ရရှိသည့် သတင်းပေးပို့ချက်အရ ဒေါ်အောင်ဆန်းစုကြည်သည် မီဒီယာများနှင့်ခေတ္တတွေ့ဆုံပြီး နေပြည်တော်သို့ ထွက်ခွာသွားကြောင်း သိရသည်။(သတင်း-မြန်မာအင်ဒီပင့်ဒင့်ဂျာနယ်)

7Day News Journal,The Messenger Journal,မြန်မာအင်ဒီပင့်ဒင့်ဂျာနယ်),ThanLarWaddy Times ထံမှ ရရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ၏ လက်ပံတောင်းတောင်-မုံရွာခရီးစဉ် နောက်ဆုံးသတင်းများစုစည်းမှု

-နိုင်ငံရေးလုပ်ခြင်းသည် အချစ်ခံချင်၍လုပ်ခြင်းမဟုတ်ဘဲ မိမိမှန်သည်ထင်ရာကိုလုပ်ကိုင်ခြင်းဖြစ်ရာ အမုန်းခံရနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
မုံရွာမြို့၊ ၀င်းယူနတီဟိုတယ်တွင် မီဒီယာသမားများနှင့်တွေ့ဆုံစဉ် လက်ပံတောင်းတောင်စုံစမ်းရေးကော်မရှင်တွင် ပါဝင်နေခြင်းသည် လက်ခုတ်ရာဓါးဝင်လျှိုနေသကဲ့သို့ ဖြစ်နေပါသလားဟူသော မီဒီယာသမားတစ်ဦး၏ မေးခွန်းကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
" အချစ်ခံချင်ရင် ဇာတ်ပဲကမှာပေါ့ " ဟုလည်း သူမက တုန့်ပြန်ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် မုံရွာဒေသခံများနှင့်တွေ့ဆုံပြီးနောက် ယနေ့ည ၆း၃၀ အချိန်ခန့်တွင် နေပြည်တော်သို့ပြန်လည်ထွက်ခွာသွားရာဒေသခံများက ပို့ဆောင်ပေးခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများကလည်း လုံခြုံရေးကို ကြပ်မတ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။(သတင်း-The Messenger Journal)

-ဒေါ်အောင်ဆန်းစုကြည်သည် ညနေ ၆နာရီ မိနစ်၃၀တွင်မုံရွာ မြို့မှ နေပြည်တော် သို့ ထွက်ခွာသွားပြီဖြစ်သည်။ ၀င်းယူနတီဟိုတယ်ရှေ့တွင်ညနေကတည်းက စောင့်ဆိုင်းနေသောလူအုပ်မှာ ၅၀၀နီးပါးအထိ တိုးလာပြီး “အမေစုကျန်းမာပါစေ”၊ “အမေစုကိုထောက်ခံ ပါတယ်”ဟု အော်ဟစ်ကာ အားပေးနှုတ်ဆက်ခဲ့ကြကြောင်း 7 Day News သတင်းထောက်က သတင်းပေးပို့သည်။(သတင်း-7Day News Journal)



-၆ နာရီ ၃၀ မိနစ်တွင် ရရှိသည့် သတင်းပေးပို့ချက်အရ ဒေါ်အောင်ဆန်းစုကြည်သည် မီဒီယာများနှင့်ခေတ္တတွေ့ဆုံပြီး နေပြည်တော်သို့ ထွက်ခွာသွားကြောင်း သိရသည်။(သတင်း-မြန်မာအင်ဒီပင့်ဒင့်ဂျာနယ်)

____________________________________
Reference and Credit to -7Day News Journal,The Messenger Journal,မြန်မာအင်ဒီပင့်ဒင့်ဂျာနယ်),ဓာတ်ပုံ-ThanLarWaddy Times

ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ မင်္ဂလာပါ - ကော်မရှင် ကျော်ဝင်း

ရှဥ့်လည်းလျှောက်သာ

ပျားလည်းစွဲသာ

မင်္ဂလာပါ - ကော်မရှင်

ကျော်ဝင်း




ဂိမ်းသီအိုရီ



အများမျှော်လင့်စောင့်စားနေကြသော လက်ပံတောင်းအရေး စုံစမ်းရေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ၊ ယနေ့ပင်ထွက်ပေါ်လာပြီဖြစ်ပါသည်။ ကော်မရှင်က ၎င်း၏ ရည်ရွယ်ချက်၊ တာဝန်၊ အခြေခံမူများနှင့် လုပ်ဆောင်ချက်များကို ပဏာမ နိဒါန်းပျိုးပြသည်။ ပြီးမှ၊ ကော်မရှင်တွေ့ရှိချက်များနှင့်အတူ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူပညာရှင်အသီးသီး၏ သုံးသပ်အဆိုပြုချက်များကို၊ ဘက်စုံထောင့်စုံ စုစည်းတင်ပြသည်။ နောက်ဆုံး၊ ကော်မရှင်၏ ခြုံငုံသုံးသပ်ချက်များနှင့် အကြံပြုချက်များကို ဖော်ပြလိုက်ပါသည်။



အစီရင်ခံစာတစ်ခုလုံး၏ အရေးကြီးဆုံးဖြစ်ဖွယ်ရှိသော အကြံပြုချက်အပိုင်းတွင် ကော်မရှင်က ရွေးချယ်စရာနည်းလမ်းသုံးသွယ်ကို ပထမခင်းပြသည်။ အဆိုပါနည်းလမ်းသုံးသွယ်ကို စဉ်းစားဆုံးဖြတ်ရာတွင်၊ 'တစ်ခုလုံး စီးပွားရေးအတွက် အကျိုးရှိမရှိ'၊ 'နိုင်ငံတကာဆက်ဆံရေး' နှင့် 'လူမှုရေးပတ်ဝန်းကျင် ထိန်းသိမ်းရေး' တို့ကို၊ အားလုံးခြုံငုံပြီး (Holistically) စဉ်းစားရန် လိုအပ်ပါကြောင်း၊ အကြံပြုသည်။ ကော်မရှင်ခင်းပြလိုက်သော ဆိုခဲ့ပါ နည်းလမ်းသုံးသွယ်မှာ …၊



(က) လက်ရှိအတိုင်းပင်၊ ကြေးနီစီမံကိန်းကို ဆက်လက်လုပ်ကိုင်စေမည့်နည်းလမ်း …။ ဆိုရလျှင်၊ လက်ရှိကြေးနီစီမံကိန်းကို တာဝန်ယူ ဆောင်ရွက်နေသော၊ ဦးပိုင်နှင့် ၀မ်ပေါင်ကုမ္ပဏီများဘက်မှ ခံတွင်းအတွေ့ဆုံးနည်းလမ်း၊ သို့မဟုတ်၊ ၎င်းတို့၏ 'မျှော်လင့်တန်ဖိုး' (expected value) ဖြစ်ပါလိမ့်မည်။ သို့နှင့်တိုင်၊ ဤနည်းလမ်းကို ကော်မရှင်က ရွေးချယ်ရန်မသင့်ဟု မှတ်ချက်ပြုပါသည်။



(ခ) ကြေးနီစီမံကိုန်းကို၊ ဆက်လက်လုပ်ဆောင်ခွင့်မပြုဘဲ ရပ်ဆိုင်းစေမည့်နည်းလမ်း …။ ဆိုရလျှင်၊ လက်ရှိစီမံကိန်းကို လုံးဝရပ်ဆိုင်းပစ်ရန်၊ ဆန္ဒဖော်ထုတ်တောင်းဆိုနေကြသူများ ဘ၀င်အကျဆုံးဖြစ်ဖွယ်ရှိသည့် နည်းလမ်းဖြစ်ပါသည်။ သူတို့ လိုလားသော 'မျှော်လင့်တန်ဖိုး' လည်းဖြစ်ပါသည်။ သို့တစေ ဤနည်းလမ်းကိုလည်း ကော်မရှင်က ထောက်ခံချက်မပေးပါ။



(ဂ) ကြေးနီစီမံကိန်းနှင့် ပတ်သတ်၍၊ လေ့လာတွေ့ရှိသော အားနည်းချက်များကို ပြုပြင်စေကာ၊ နိုင်ငံတော် အကျိုးစီးပွား၊ ဒေသခံလူထု၏ အကျိုးစီးပွား၊ အနာဂတ်မျိုးဆက်အတွက် အကျိုးစီးပွားတို့ကို၊ ပြည့်ဝစွာရရှိရန် အစီအမံများ ချမှတ်ပြီး၊ စီမံကိန်းကို ဆက်လက်လုပ်ဆောင်စေမည့် နည်းလမ်း …။ ဤနည်းလမ်းအနေနှင့်၊ နှစ်ဘက်မျှော်လင့်တန်ဖိုးများကို အပြည့်အ၀ပေးနိုင်လိမ့်မည်တော့မဟုတ်။ သို့တိုင်အောင်၊ နှစ်ဘက်လုံးအတွက်၊ လက်ရှိ လိပ်ခဲတည်းလည်း အခြေအနေထက် ပိုကောင်း (better off) လာနိုင်စရာရှိပါသည်။ ကော်မရှင်က၊ ဤနည်းလမ်းကိုသာ ထောက်ခံအကြံပြုလိုက်ပါသည်။ ဤနည်းလမ်းကို အကောင်အထည်ဖော်ရာတွင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ် (၆) ရပ်ကိုလည်း သုံးသပ်အကြုံပြုပါသည်။ (စာရှည်မည်စိုး၍ အသေးစိတ် မဖော်ပြတော့ပါ။ ကော်မရှင် အစီရင်ခံစာကိုသာ ကြည့်ပါရန် …၊)



ကော်မရှင်၏ ဆိုခဲ့ပါ၊ အကြံပြုချက်သည်ပင်၊ "ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ" မည့် အကောင်းဆုံးနည်းလမ်း ဖြစ်လိမ့်မည်ဟု စာရေးသူ ယူဆပါသည်။ ဆရာကြီးသ္ခင်ကိုယ်တော်မှိုင်း၊ တစ်လျှောက်လုံး လိုလားတောင့်တခဲ့သော "သူမနာ၊ ကိုယ်မနာ" သဘောထားမျိုးဖြစ်လိမ့်မည်ဟု သဘောရပါသည်။ ဆရာကြီး ဒဂုန်တာရာ မကြာခဏ ဆိုသလို ရေးသားပြောဆိုနေသော "မုန်းသူမရှိ၊ ချစ်သူသာရှိစေမည့်" သင့်မြတ်ရေးလမ်းကြောင်းဟု နားလည်ရပါသည်။ အထူးသဖြင့် ကမ္ဘာနှင့်အ၀န်း ဒီမိုကရက်တစ်နည်းနာတစ်ရပ်အဖြစ် တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြသော၊ ခေတ်သစ်ဂိမ်းသီအိုရီလာ ချဉ်းကပ်အဖြေရှာနည်းအဖြစ် ဆင်ခြင်မိပါသည်။



မင်္ဂလာပါ - ကော်မရှင် ..။





စာရေးသူ၏ အတွေ့အကြုံ



ဤနေရာတွင် ခေတ်သစ်ဂိမ်းသီအိုရီ နှင့်ပတ်သတ်သော စာရေးသူ၏ နားလည်ချက်ကို ပြန်လည်ဖော်ပြခွင့် ပြုစေလိုပါသည်။ (ဤအကြောင်း မကြာခဏ ရေးခဲ့ပြီးဖြစ်၍ 'ပြန်လည်' ဆိုသော ရှေ့ဆက်ခံထားခြင်းဖြစ်သည်။) ယခုလို …။



"အကျိုးစီးပွားချင်း မတူကြသည့် အင်အားစုများကြားတွင်၊ မတူသော မျှော်လင့်တန်ဖိုးများ သာဘာဝကျစွာရှိကြမည်သာ ဖြစ်ပါသည်။ သို့တစေ အဆိုပါ အင်အားစုများကြား ညှိနှိုင်းဆွေးနွေးကြတော့မည်ဆိုလျှင်မူ၊ ဆိုခဲ့ပါ မျှော်လင့်တန်ဖိုးများကို၊ နှစ်ဘက်လုံးမှ အသေဆုပ်ကိုင်ထားသရွေ့၊ ဘယ်တော့မှ အဖြေရလိမ့်မည် မဟုတ်ပါ။ နှစ်ဘက်လုံးမှ ၎င်းတို့လက်ရှိ အခြေအနေထက်ပိုကောင်း (better off) လျှင်ပင် ကျေနပ်ဖွယ်ရာအဖြေဟု သဘောထားကြဖို့ လိုပါလိမ့်မည်။ ဤသဘောထားနှင့်ပင် မိမိတို့သက်ဆိုင်ရာ မျှော်လင့်တန်ဖိုးများကို 'အပေးအယူလုပ်ညှိနှိုင်းကြပြီး' (bargain) နှစ်ဘက်သဘောတူညီနိုင်မည့် 'ကြားအဖြေ' (compromise) ရှာရပါလိမ့်မည်။ ဤနည်းဖြင့် better off ချင်း ချိန်ခွင်လျှာမျှနိုင်မည့် အခြေအနေရောက်လာမှသာ နှစ်ဘက်လက်ခံနိုင်မည့် အဖြေတွေ့ပါလိမ့်မည်။ ဤသို့သော ချိန်ခွင်လျှာမျှအခြေအနေကို သီအိုရီဖော်ထုတ်သူပညာရှင် အမည်အစွဲပြုပြီး 'နက်(ချ)မျှခြေ' (Nesh's Equilibrium) ဟုခေါ်ပါသည် …" စသဖြင့် …။



ဝန်ခံရလျှင် "ဆန့်ကျင်ဘက်အချင်းချင်း အပြန်အလှန် ဖယ်ထုတ်ရေး" စဉ်းစားနည်းတစ်ခုတည်းနှင့်သာ၊ တစ်လျှောက်လုံး အာရုံကျယဉ်ပါးခဲ့သော၊ စာရေးသူအနေနှင့် ဆိုခဲ့ပါဂိမ်းသီအိုရီကို ချက်ခြင်းမြိုမကျခဲ့ပါ။ နောက်ဆုံး၊ နိုင်ငံရေးဝင်္ကပါတောတွင်၊ နဖူးကွဲဒူးပြဲများစွာ ကြုံခဲ့ပြီးမှ 'ဂိမ်းသီအိုရီသည်သာ၊ မြန်မာ့နိုင်ငံရေး အကျပ်အတည်း၏ တစ်ခုတည်းသော ထွက်ရပ်လမ်း' အဖြစ် သဘောယူလာနိုင်ခဲ့ခြင်းဖြစ်ပါသည်။ သို့နှင့်အမျှ၊ စာရေးဖြစ်ကတည်းက၊ 'ဂိမ်းသီအိုရီ' နှင့် ဆက်နွယ်သမျှကို၊ မကြာခဏဆိုသလို မိတ်ဆက်ပေးခဲ့ခြင်းဖြစ်ပါသည်။ ဤတွင် စာဖတ်ပရိတ်သတ်တော်တော်များများ (အထူးသဖြင့် လူငယ်စာဖတ်သူများ) က၊ စိတ်ဝင်တစားရှိသည်ကို တွေ့ရတော့ အမှန်ပင် အားတက်မိပါသည်။



သို့နှင့်တိုင် အဆိုပါ ဂိမ်းသီအိုရီကိုပင် မြန်မာ့နိုင်ငံရေးနှင့် ဆက်စပ်ပြတော့ ဘ၀င်မကျသံအချို့ကြားလာရပါသည်။ "သီအိုရီကိုတော့ လက်ခံပါတယ် …၊ ဒါပေမဲ့ လက်တွေ့မဖြစ်နိုင် …" စသဖြင့်။ နောက်ဆုံး၊ "၂၀၁၀ ရွေးကောက်ပွဲမှာ၊ နှစ်ဘက်လုံးအတွက် better off ဖြစ်နိုင်တယ်" ဟုရေးလိုက်ရာ ဝေဖန်ရုံသာမကတော့ဘဲ၊ အစိုးရနှင့် ပေးစားခံရပါလေတော့သည်။ ဤသို့ ဆဲကြဆိုကြ အရေခွံခွါကြသူများထဲတွင် စာရေးသူ၏ လက်ဝဲမိတ်ဆွေများမှာ ရှေ့ဆုံးက …။ သူတို့တတွေ၏ ရဲရဲတောက်လေထုတွင် ရိုးရိုးသားသား စာဖတ်သူအများပင် စာရေးသူနှင့် အကွာအဝေးတစ်ခုသို့ ရောက်ကုန်သည်။



ဤအကြောင်းတွေ ပြန်ရေးနေမိသည်မှာ ဒေါသတွေ၊ အာဃာတတွေကြောင့် မဟုတ်ပါ။ မိတ်ဆွေများ၏ 'အောက်လမ်းနည်းများ' ကို စိတ်ပျက်မိသည့်တိုင်၊ စာဖတ်သူအများစု ခံတွင်းမတွေ့နိုင်မှုကို နားလည်ပေးနိုင်ခဲ့ပါသည်။ မြန်မာလူမျိုးတို့၏ 'နိုင်ငံရေးဓလေ့' (political culture) ကို ဆင်ခြင်မိသောကြောင့် ဖြစ်သည်။ မြန်မာတွေက 'မင်း' သို့မဟုတ် 'အစိုးရ' ဆိုလျှင် မယုံချင်၊ မယုံရဲ။ မုန်းသည်။ ကြောက်သည်။ 'ရန်သူမျိုးငါးပါး' ထဲတွင် 'မင်း' ကို ထည့်ထားသည်မှာ ရှားရှားပါးပါး ယဉ်ကျေးမှုဓလေ့ဟု ဆိုရမည်ထင်သည်။ အမှန်စင်စစ်၊ ဤသည်မှာလည်း သဘာဝကျသည်သာဖြစ်သည်။ နိုင်ငံရေးဓလေ့ကို အဓိကပုံသွင်းလိုက်သည်မှာ သက်ဆိုင်ရာလူထု၏ ခါးသီးသော နိုင်ငံရေးအတွေ့အကြုံများ ဖြစ်လေသည်ကိုး …။



သို့ဖြစ်လင့်စကား၊ ဤဓလေ့မှာ ဒီမိုကရေစီနိုင်ငံရေးစနစ်နှင့် အခါခပ်သိမ်း အဟပ်ညီချင်မှ ညီပါလိမ့်မည်။ အထူးသဖြင့်၊ အင်အားစုမျိုးစုံ ၀ိုင်းဝန်းတွန်းပါမှ ရွေ့နိုင်စရာရှိသော လက်ရှိ ဒီမိုကရေစီအပြောင်းအလဲနှင့် စရွေးမကိုက်လှဟု ထင်သည်။ အကယ်၍များ၊ ဤအစွဲ ဤဓလေ့ကို မကျော်နိုင်ခဲ့လျှင် ဖြစ်သင့်ဖြစ်ထိုက်သော လမ်းကြောင်းမှန် ဖြစ်စေဦး၊ အညွှတ်အနူးလက်ခံဖို့ အခုအခံ ဖြစ်ကောင်းဖြစ်နိုင်သည်။ ဤသို့တွေးမိလိုက်တော့ ကော်မရှင်အစီရင်ခံစာ၏ နောက်ဆက်တွဲ အလားအလာများအတွက် အမှန်ပင် စိုးရိမ်မကင်းဖြစ်မိသည်။ လက်ရှိအစိုးရနှင့် ကော်မရှင် ဥက္ကဌတို့ကို ဦးတည်လာနိုင်စရာရှိသော နိုင်ငံရေးတိုက်ကွက်များနှင့် ရိုးသားသောလူထု၏ အကင်းမသေတတ်သေးသော စိတ်းဒဏ်ရာဓလေ့များ ဆုံမိလျှင် ဘာတွေဖြစ်ဦးမည်နည်း …။



အဆိုပါ စိုးရိမ်ကြောင့်ကြစိတ်နှင့်ပင် ယခုစာစုကို ဆက်ပါမည်။





စိုးရိမ်စိတ်အခံဖြင့်

အကြံပြု၊ မေတ္တာရပ်ခံ၊ ပန်ကြားလိုသည်များ





(က) အကြံပြု



ပထမဆုံး အကြံပြုလိုသည်မှာ နိုင်ငံတော်အစိုးရသို့ ဖြစ်ပါသည်။ ဆိုခဲ့ပါ၊ စုံးစမ်းစစ်ဆေးရေးအစီရင်ခံစာနှင့် အတူ၊ ၎င်းကို အကောင်အထည်ဖော် ဆောင်ရွက်မည့် ကော်မတီဖွဲ့စည်းသည့် သတင်းကိုလည်း ဖတ်ရသည်။ အဆိုပါ ကော်မတီကို အစိုးရတာဝန်ရှိသူ အများစုဖြင့် ဖွဲ့စည်းထားသည်ကို သတိပြုမိသည်။ ဖြစ်သင့်ဖြစ်ထိုက်သော ဖွဲ့စည်းပုံဟု သဘောရပါသည်။ စုံစမ်းရေးကော်မရှင် အစီရင်ခံစာပါ အကြံပြုချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့ဆိုလျှင် သက်ဆိုင်ရာ 'အကျိုးရှင်များ' (stakeholders) ၏ သဘောတူကြည်ဖြူမှု ရဖို့လိုလိမ့်မည်ဟု တွေးမိသောကြောင့်ဖြစ်သည်။ အဆိုပါ အကျိုးရှင်များအနက် ၀မ်ပေါင်နှင့် ဦးပိုင်ကုမ္ပဏီတို့နှင့် အဆင်ပြေပြေညှိနှိုင်း အကောင်အထည်ဖော်နိုင်ဖို့ဆိုလျှင် လုပ်ပိုင်ခွင့်လည်းရှိ တာဝန်လည်းခံနိုင်သော အစိုးရအရာရှိများမှာ အကောင်းဆုံးဖြစ်ပါလိမ့်မည်။



သို့တစေ နောက်ထပ်အရေးကြီးသော အကျိုးရှင်တစ်ဦးဖြစ်သည့် ဒေသခံများ၏ ပူးပေါင်းဆောင်ရွက်မှုရဖို့ဆိုလျှင်မူ အစိုးရတာဝန်ရှိသူသက်သက်ဖြင့် အဆင်ပြေလွယ်ကူနိုင်ပါ့မလား စိုးရိမ်မိသည်။ ကာလတာရှည်ပျောက်ဆုံးနေခဲ့သော ယုံကြည်မှုကြောင့် သံသယအစိုင်အခဲအချို့ ရှိကောင်းရှိနိုင်သည်ဟု ထင်သည်။ သို့အတွက် ဒေသခံလူထု၏ နားလည်မှုရှိရှိ ပူးပေါင်းဆောင်ရွက်ရေး ရယူရာတွင် အခက်အခဲအချို့ရှိလေမည်လား စဉ်းစားမိသည်။ သက်ဆိုင်ရာဒေသခံများကို နားလည်သဘောပေါက်လာစေရန် ရှင်းပြ၊ ဖြောင့်ဖျနိုင်မည့် သီလသိက္ခာသြဇာတိက္ကမကြီးသော ဆရာတော်ကြီးများ သို့မဟုတ် မြို့မိမြို့ဖများ ကော်မတီတွင်ပါလျှင် ပို၍ အဆင်ပြေလွယ်ကူလေမည်လား တွေးမိသည်။



နောက်တစ်ချက် ဥာဏ်မီသလောက် တွေးမိသည်မှာ လက်ပံတောင်းအရေးလို ဖြစ်တန်ရာ အကျပ်အတည်းများနှင့် ပတ်သက်လို့ဖြစ်သည်။ သဘာဝဘေးအန္တရယ်ကြောင့်ဖြစ်စေ၊ လူမှုပဋိပက္ခများကြောင့်ဖြစ်စေ၊ လက်ရှိ ဒီမိုကရေစီအပြောင်းအလဲအတွက် စိန်ခေါ်ချက် ဖြစ်လာနိုင်သော အကျပ်အတည်းမျိုး ရှေ့တွင်လည်း ကြုံရနိုင်ဖွယ်ရှိသေးသည်ဟု ထင်ပါသည်။ ကြုံခဲ့ပြီးသော ဖြစ်စဉ်ဖြစ်ရပ်များမှ သင်ခန်းစာယူပြီး နောင်လာမည့် ပြဿနာများကို ကာကွယ်ရှောင်ရှားနိုင်ရန်အတွက် သော်လည်းကောင်း၊ အကယ်၍ မလွှဲမရှောင်သာ ရင်ဆိုင်ရလျှင်လည်း လက်ဦးမှုရှိရှိ၊ အေးအေးညောင်းညောင်း ဖြေရှင်းနိုင်ရန်အတွက်သော်လည်းကောင်း၊ အစီအစဉ်ရှိရှိ ကြိုတင်ပြင်ဆင်ထားဖို့ လိုမည်လား စဉ်းစားမိသည်။ ဥပမာအားဖြင့် "အကျပ်အတည်း စီမံခန့်ခွဲရေး ကော်မတီ" လိုအဖွဲ့အစည်းမျိုး ဖွဲ့စည်းပြီး တာဝန်ယူဖြေရှင်းကြသည်မျိုး ဖြစ်ပါသည်။



(ခ) မေတ္တာရပ်ခံ



ဒုတိယအနေနှင့် မေတ္တာရပ်ခံလိုသည်မှာ၊ ယခုလောလောဆယ် ထိခိုက်နစ်နာမှု တစ်စုံတစ်ရာ ကြုံခဲ့ရပြီးဖြစ်သသော၊ ဒေသခံလူထုသို့ဖြစ်ပါသည်။ မိမိရပ်ရွာကို ချစ်ခင်မြတ်နိုးစိတ်၊ ဒါးမဦးချမြေကို တပ်မက်တွယ်တာစိတ်များဖြင့် ဆန္ဒဖော်ထုတ်အရေးဆိုခဲ့ကြသည့် မိတ်ဆွေများ၏ အရေးတော်ကို အပြည့်အ၀ စာနာနိုင်ပါသည်။ ယခု ထွက်ပေါ်လာသော ကော်မရှင်၏ အကြံပြုချက်များမှာ၊ မိတ်ဆွေများ၏ ဆန္ဒနှင့် ရာနှုန်းပြည့် တစ်ထပ်တည်းမကျသည့်တိုင်၊ တစ်ခုလုံး အကျိုးစီးပွား ရေရှည်အကျိုးစီးပွားအတွက် အကောင်းဆုံးအဖြေဖြစ်သည်ကို နှလုံးသွင်းစေချင်ပါသည်။ ထို့ထက် တော်ရုံနိုင်ငံရေးသမား လုပ်နိုင်ခဲသော အများကြိုက် လက်ခုပ်သံနိုင်ငံရေးကို မလိုက်ဘဲ ဖြစ်သင့်ဖြစ်ထိုက်သည့် လမ်းကြောင်းမှန်ကို ရဲရဲဝံ့ဝံ့ ထောက်ပြအကြံပြုခဲ့သော ကော်မတီဥက္ကဌ၏ ရပ်တည်ချက်ကို တန်ဖိုးထား လေးစားစေချင်သည်။ သူမ၏ မေတ္တာစေတနာကို ယုံကြည်ကိုးစားစိတ်ဖြင့် တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်ပေးကြပါဟု မေတ္တာရပ်ခံအပ်ပါသည်။



ဒီမိုကရေစီ အကူးအပြောင်း ကာလ၏ မလွတ်မကျွတ်တတ်သေးသော အကျင့်ဆိုးများကြောင့် ဆရာတော်သံဃာတော်များအပါအ၀င် မိတ်ဆွေများ၊ အနာတရ ဖြစ်ခဲ့ရသည်မှာ ကမ္ဘာသိပင်ဖြစ်ပါသည်။ သို့တစေ မိတ်ဆွေများ၏ ပေးဆပ်မှုများအချည်းနှီးတော့ကား မဖြစ်ပါ။ နောင်တွင် ဤအဖြစ်ဆိုးများ မကြုံရစေရေး (ထို့ထက် လေးနက်စွာဆိုရလျှင်၊ ဒီမိုကရေစီရှေ့ခရီးအဆင်ချောစေရေး) အတွက် အရေးကြီးသော ဥပဒေတစ်ရပ်ဖြစ်သည့် "ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ" ၏ အားနည်းချက်များကို ပြင်ဆင်နိုင်ရန် တိုင်းသိပြည်သိ၊ ကမ္ဘာသိ အဆိုပြုနိုင်ပြီ ဖြစ်ပါသည်။ (ကော်မရှင် အစီရင်ခံစာ အပိုဒ် (၉၃)၊ အပိုဒ်ခွဲ (ခ) ပါ အကြံပြုချက်များကို ကြည့်ပါရန်) ဤသည်မှာ မိတ်ဆွေများ၏ 'အောင်ပွဲ' ဟု သဘောယူစေလိုပါသည်။





(ဂ) ပန်ကြား



နောက်ဆုံးအနေနှင့် လက်ရှိ လုံခြုံရေးကို တာဝန်ယူထားသော ရဲတပ်ဖွဲ့နှင့်၊ လက်ရှိ အပြောင်းအလဲ အပေါ် အပြည့်အ၀ သဘောမတူနိုင်ကြသေးသည့် မိတ်ဆွေများသို့ ပန်ကြားအပ်ပါသည်။



မည်သို့သော အကြောင်းကြောင့်ဖြစ်စေ လက်ပံတောင်းအရေးကိုင်တွယ်ပုံမှာ ရဲတပ်ဖွဲ့အပါအ၀င်၊ အစိုးရ၏ ဂုဏ်သိက္ခာအတွက်ရော၊ ဒီမိုကရေစီ အစဉ်အလာအတွက်ပါ၊ ကောင်းသောလက္ခဏာမဟုတ်ပါ။ ဤအတွေ့အကြုံကို အလေးအနက်ဆင်ခြင်၍ ကော်မရှင် အကြံပြုချက်အတိုင်း ထိထိရောက်ရောက် ပြုပြင်ပြောင်းလဲကြပါရန် သက်ဆိုင်ရာသူများသို့ ပန်ကြားလိုပါသည်။



ခေတ်တစ်ခေတ်ကို အတူဖြတ်သန်းခဲ့ကြသည့် မိတ်ဆွေများကိုလည်း ပန်ကြားလိုပါသေးသည်။ ကျွန်တော်တို့တတွေ ငယ်ငယ်က အစွဲကြီးစွဲခဲ့ကြသည့် ကဗျာတစ်ပုဒ်ရှိသည်။ "အကုန်ရရင်ရ၊ မရရင် ဘာမှမလိုချင်ဘူး" ဆိုသော 'ဘားတော့ဘရက်' ၏ ကဗျာစာသား။ ဒါကို ခိုင်ထူးကြီးက သီချင်းလုပ်ဆိုတော့လည်း ကျွန်တော်တို့အားလုံး နှစ်နှစ်ခြိုက်ခြိုက်လိုက်ဆိုခဲ့ကြသည်။ အမှန်စင်စစ် ဘ၀သည် ကဗျာမဟုတ်။ နိုင်ငံရေးဆိုသည်မှာ လသာသာသီချင်းဆိုရသည်မျိုးမဟုတ် …။ ဒါလေးကို နှလုံးသွင်းကြစေချင်သည်။



ရည်ညွှန်း - စုံးစမ်းရေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ



____________________________________
ကျော်ဝင်း

၁၂၊ မတ် ၂၀၁၃

Saturday, March 9, 2013

NLD ပါတီ၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံ ဒုတိယနေ့အခမ်းအနားသတင်း



NLD ပါတီ၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံ ဒုတိယနေ့ နံက် ၈း၀၀ နာရီတွင် စတင်ခဲ့သည်။
နံနက် (၉း၀၀) နာရီတွင် ညီလာခံဖွင့်ပွဲကို ကျင်းပသွားမည်ဖြစ်ပြီး
ဒေါ်အောင်ဆန်းစုကြည်မှ မိန့်ခွန်းပြောကြားသွားခဲ့သည်။
ညီလာခံဖွင့်ပွဲသို့
အမေရိကန်၊ ဗြိတိသျှ၊ ရုရှား၊ တရုတ်၊ ပြင်သစ်၊ အီတလီ၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ မလေးရှား၊ ဂျပန်၊ ဗိယက်နမ် သံရုံးများမှ တက်ရောက်ပါသည်။
ပြည်ပနိုင်ငံရေးပါတီ ၁၀၀ ခန့် တက်ရောက်ပါသည်။







ညီလာခံဖွင့်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်မှ မိန့်ခွန်းပြောကြားခြင်း အသံဖိုင်အား အောက်ပါ link တွင် download ရယူနိုင်ပါသည်။

nldcongress.com/wp-content/uploads/2013/03/110111_003.mp3

Monday, March 4, 2013

၉၆၉ ဗုဒ္ဓဘာသာ အမှတ်တံဆိပ်တော် ရှင်းလင်းချက်

*** ၉၆၉ ဗုဒ္ဓဘာသာ အမှတ်တံဆိပ်တော်

ရှင်းလင်းချက် ***



၁။ မြတ်ဗုဒ္ဓ၏ ရောင်ခြည်တော်ခြောက်ပါးကို အကြောင်းပြု ရည်ရွယ်ကာ ပြုလုပ်ထားသော သာသနာ့အလံတော်ကို နောက်ခံထားသည်။
၂။ ၉၆၉ ၏ အဓိပ္ပါယ်မှာ -ဘုရားဂုဏ်တော် (၉)ပါး၊ တရားဂုဏ်တော် (၆) ပါး၊ သံဃာ့ဂုဏ်တောာ်(၉) ပါးကို ရည်ရွယ်သည်။
၃။ အသောက ကျောက်တိုင် အဓိပ္ပါယ် ခြင်္သေ့ ၊ ဆင် ၊ မြင်း၊ နွား ရုပ်များပါရှိသည်။ အသောကမင်း၏ သာသနာတော် ထွန်းကားပြန့်ပွားရေးဆောင်ရွက်ချက်ကြောင့် မြန်မာနိုင်ငံတော်တွင် သာသနာတည်ရှိနေခြင်း၏ အကျိုးကျေးဇူးတရားကို မမေ့သင့်ပါ။

အသောက မင်းကြီး သာသနာပြု စိတ်ဓာတ်

ခြင်္သေ့မင်းလို ဝီိရိယ မလျှော့ပါနှင့်
အများအကျိုးကို ဆောင်ရွက်လိုက၊ ခြင်္သေ့လို ကျင့်ရမည်။ ယုန်ငယ်လောက်ရှိတဲ့ သားကောင်လေးကိုလည်း ဝီရိယမလျော့ဘဲ အားနှင့်မာန်နှင့်ခုန်အုပ်သည်။ လုံ့လကဲကဲမလျော့ဘဲ၊ အမြဲလုပ်ရမည်။

ဆင်လိုသက်လုံကောင်းပါစေ
အများအကျိုး ဆောင်ရွက်လို ဆင်လို ကျင့်ရမည်။ လက်နက်များထိမှန်သော်လည်း မလျှော့ဘဲ စစ်ပွဲဆင်နွှဲမည်။ ဘာပဲကြုံကြုံ ကိုယ်မဖြုံ သက်လုံကောင်းရမည်။

မြင်းလိုလျင်မြန်ရမည်
အများအကျိုးဆောင်ရွက်လို မြင်းလိုကျင့်ရမည်။ သွက်လက်လျင်မြန်၊ အားသန်သန်၊ ပန်းတိုင်မှန်ကိ လျှောက်ရမည်။ ပန်းတိုင်မရောက်ခင် လက်မမြှောက်၊ တောက်လျှောက်ကျင့်ရမည်။

နွားလို လောကဓံကို သည်းခံနိုင်ရမည်
အများအကျိုးဆောင်ရွက်လို နွားလိုကျင့်ရမည်။ ရိုက်နှက်သော်လည်း စိတ်မဆိုးဘဲ အမြဲ သည်းခံမည်။ ဤလောကဓံ၊ သည်းသည်းခံ အမှန်ကျင့်ရမည်။

*** ၉၆၉ ဗုဒ္ဓဘာသာ အမှတ်တံဆိပ်တော် ***
လိုက်နာရှောင်ကျဉ်ရမည့်စည်းကမ်းများ

၁။ အမှတ်တံဆိပ်တော်ကို အသုံးပြုရာ၌ သရဏဂုံ သုံးပါကို ရွတ်ဆို၍ကပ်ပြီး လက်အုပ်ချီကာ ဗုဒ္ဓသာသနာ စိရံနိဌတု သုံးကြိမ်ရွတ်ဆို၍ ရိုသေစွာပြီးဆုံးစေရမည်။
၂။ အမှတ်တံဆိပ်တော်ကို မြင့်မြတ်သော သင့်တင့်လျှောက်ပတ်သော နေရာများ၌ သာ အသုံးပြုရမည်။
၃။ အမှတ်တံဆိပ်တော်ကို ပုံစံတူမကွဲ တစ်သားတည်းဖြစ်အောင် တစ်နိုင်ငံလုံးအ တိုင်းအတာဖြင့် မြတ်ဗုဒ္ဓအလိုကျ ညီညွတ်မှုကို ဖော်ဆောင်ကြရမည်
၎။ အမှတ်တံဆိပ်တော်ကို အခြားဘာသာဝင်များပိုင်ဆိုင်သော အိုးအိမ်၊ တိုက်တာ၊ ဆိုင်ကယ်၊ ကားအစရှိသော ယာဉ်များနှင့် အသုံးအဆောင် ပစ္စည်းများတွင် ဟန်ဆောင်လှည့်ဖျား၍ သုံးပါက ထိရောက်စွာ အရေးယူဆောင်ရွက်ရမည်။ (ဘာသာဝင်များ သတင်းပေးပါ)
၅။ အမှတ်တံဆိပ်တော် ဂုဏ်သိမ်ကို ညှိုးမှိန်စေသော ရည်ရွယ်ချက်ဖြင့် ပြုမူပြောဆို ကြံစည်မှုများကို မြင်တွေ့ ကြားသိလာရပါက သာသနပါလက ဂဏ၀ါစက သံဃာ့အဖွဲ့မှထိရောက်အောင် အရေးယူမည်။ (ဗုဒ္ဓဘာသာဝင်များ သတင်းပေးကြပါ။)

Saturday, February 23, 2013

မိဘမေတ္တာယာဉ်လိုင်းမှမော်တော်ယာဉ်အမှတ် ၅ခ / ၆၁၃၄ တိမ်းမှောက်မှု



မိဘမေတ္တာယာဉ်လိုင်းမှမော်တော်ယာဉ်အမှတ် ၅ခ / ၆၁၃၄ တိမ်းမှောက်မှု

---------------------------------------------------------------------------------------




၂၀ရက် ၊ ၂လ ၊ ၂၀၁၃ ရက်နေ့တွင် ရန်ကုန်မှကွင်းကောက်သို့ ခရီးသည်များတင်ဆောင်သွားသည့်မိဘမေတ္တာယာဉ်လိုင်းမှမော်တော်ယာဉ်အမှတ် ၅ခ / ၆၁၃၄ သည် ဟသာင်္တ နှင့် တလုတ်ထော်ကြားတွင် အရှိန်ပြင်းစွာ မောင်းနှင်သောကြောင့် လမ်းဘေးသို့ထိုးကျပက်လက်လန် တိမ်းမှောက်ခဲ့ပါ၍ ခရီးသည် (၁၇) ဦးဒါဏ်ရာရခဲ့ပါသည်။ မကြာသေးခင်ကာကလည်း ဇလွန်မြို့အလွန်တွင် ဘုရားဖူး Light Truck ကားနှင့်မျက်နှာချင်းဆိုင်တိုက်မိ၍ ဘုရားဖူးယာဉ်ပေါ်ပါခရီးသည် (၁၀) ဦးပွဲခြင်းပြီးသေးဆုံးပြီး (၃) ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါသော်လည်း အဆိုပါယာဉ်လိုင်းမှ ထိရောက်သောတာဝန်ယူမူမျိုးမပြုလုပ်ခဲ့ပါ။ ဤကဲ့သို့ သေဆုံးခဲ့ရသူများ၏ဆွေမျိုးသားချင်းများ နာကြင်ကြေကွဲခံစားခဲ့ရသော်လည်းမိဘမေတ္တာယာဉ်လိုင်းအားသက်ဆိုင်ရာမှ ထိရောက်သောအရေးယူမှုမျိုးမရှိခဲ့သဖြင့်တရားဥပဒေ
စိုးမိုးရေးနှင့် နစ်နာသော ပြည်သူဆိုသည်မှာ အဘယ်ကဲ့သို့နည်း ဟု မေးခွန်းထုတ်စရာဖြစ်နေ
ပါသည်။



မိဘမေတ္တာယာဉ်လိုင်း ဖုန်း - 098572629 / 098581190 / 01685300-304
-----------------------------------------------------------------------------
ပေးပို့သူ - မျိုးနောင်ဇော်

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန သတင်းထုတ်ပြန်

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန သတင်းထုတ်ပြန်
==================================
စွမ်းအင်ဝန်ကြီးဌာန ရတနာဓာတ်ငွေ့ ကမ်းလွန်တွင်းတူစင်၏ ကမ်းလွန်ပလက်ဖောင်းတွင် အရေးပေါ် ပြုပြင်ရေး လုပ်ငန်းများကို ဖေဖော်ဝါရီ ၂၄ ရက် ၀၀း ၀၁ နာရီမှ ဖေဖော်ဝါရီ ၂၅ ရက် ၂၃း ၅၉ နာရီထိ ပြုပြင်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ညှိနှိုင်းလာခဲ့ရာ စွမ်းအင်ဝန်ကြီးဌာနမှ လျှပ်စစ်စွမ်း အင်ဝန်ကြီး ဌာန၊ မြန်မာလျှပ်စစ်ဓာတ်အားလုပ်ငန်း၊ ဓာတ်ငွေ့ရေနွေးငွေ့ စက်ရုံများ ဌာနအောက်ရှိ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများသို့ လက်ရှိပေးပို့နေသော သဘာဝ ဓာတ်ငွေ့ ကုဗပေ ၁၄၅ သန်း အနက် ကုဗပေ ၁၃၄ သန်းလျော့ပြီး ကုဗပေ ၁၁ သန်းသာ ရရှိနိုင်မည် ဖြစ်သည်။

ထိုသို့ သဘာဝဓာတ်ငွေ့ လျော့နည်းရရှိမှုကြောင့် ရန်ကုန်တိုင်း ဒေသကြီး အတွင်း ရှိ သဘာဝဓာတ်ငွေ့သုံး စက်ရုံလေးရုံမှ ဓာတ်ငွေ့တာဘိုင်စက် ခုနှစ်လုံးနှင့် ရွှေတောင်၊ မော်လမြိုင်၊ သထုံတို့မှ ဓာတ်ငွေ့ တာဘိုင်စက် ခြောက် လုံး စုစုပေါင်း ၁၃ လုံး ခေတ္တရပ်တန့် ထားရမည် ဖြစ်ပြီး လက်ရှိဓာတ်အား ထုတ်လုပ်မှု ၃၁၀ မဂ္ဂါဝပ်မှ ၂၀၅ မဂ္ဂါဝပ်ခန့်လျော့နည်းပြီး ၁၀၅ မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်ဖြန့်ဖြူး ပေးနိုင် မည် ဖြစ်သည်။

ယင်းသို့ ဓာတ်အားထုတ်လုပ်မှု လျော့နည်းသွား သည့်အတွက် ရေအားလျှပ် စစ်ဓာတ်အားပေး စက်ရုံများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို တိုးမြှင့်ဖြည့်ဆည်းမောင်းနှင်ခြင်း ဆောင်ရွက်သွားမည် ဖြစ်ပြီး အချို့ နေရာများတွင် အလှည့်ကျဝန်အားလျှော့ချ၍ ဓာတ်အားပို့လွှတ်ခြင်းများကို ဝန်အားထိန်းညှိ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သတင်းရရှိသည်။

သတင်း-http://www.ministryofinformation.gov.mm/index.php/news/local-news/2286-2013-02-23-02-10-03.html
____________________________________


ယာဉ်ထိန်းရဲ တစ်ဦး ရဲ့ ဘဝ ခံစားချက်

ယာဉ်ထိန်းရဲ တစ်ဦး ရဲ့ ဘဝ ခံစားချက်

ယာဉ်ထိန်းတပ်ဖွဲ့ဝင်များရဲ့အလုပ်ချိန်ကလေးပြောပြချင်ပါတယ်။မနက် ၆ နာရီပွိုင့်ကိုအရောက်သွားရပါတယ်။အဲဒီ့လိုသွားနိုင်ဖို့အတွက် နာရီဝက်တစ်နာရီလောက်စောပြီးအိပ်ရာကထ ပြင်ရဆင်ရပါတယ်။မနက် ၇ နာရီမှ ၉ နာရီအချိန်အထိ သွားလာမှုရှုပ်ထွေးချိန်အဖြစ်သတ်မှတ်ကာလလမ်းပေါ်တက် လက်အချက်ပြကာလမ်းရှင်းရပါတယ်။ ညနေ ၃ နာရီမှ ၅ နာရီအထိကတချိန်ပါ။ဒီကြားထဲမှာရှုပ်ရင်ရှုပ်သလို၊အရေးကြီးပုဂ္ဂိုလ်ယာဉ်တန်းလာရင်လာသလို၊သာရေးနာရေးယာဉ်တန်းတွေလာရင်လာသလိုဆက်လက်လမ်းရှင်းလက်အချက်ပြရပါတယ်။ထမင်းစားချိန်ကတော့အဆင်ပြေသလိုစားကြတာပေါ့။ဒါပေမဲ့တစ်ယောက်ချင်းပဲသွားစားရတယ်။နာရီဝက်ထက်ပိုမကြာရဘူး။ညဆိုရင် ၁၀ နာရီမှတရားဝင်တန်းဖြုတ်လို့ရတယ်။အိမ်ပြန်ရောက်တော့ ၁၀နာရီခွဲ ၁၁ နာရီ အိပ်ရာထဲရောက်တော့မှ ကိုယ့်သားသမီးမျက်နှာလေးတွေဝအောင်ကြည့်ရတယ်။ကလေးက လန့်နိုးပြီး အမေရေ သားတို့ခြင်ထောင်ထဲဘယ်ကလူကြီးမှန်းမသိဘူးဝင်လာတယ်လို့အော်ခဲ့တဲ့ဟာသဆန်ဆန်အဖြစ်အပျက်လေးတွေလဲတကယ်ဖြစ်ခဲ့ကြဖူးပါတယ်။တနေကုန်စီးထားတဲ့လည်ရှည်ဖိနပ်ကချွတ်လိုက်ရင်ခြေထောက်တွေကနူးအိပြီးကိုယ့်အနံ့တောင်ကိုယ်မခံနိုင်ပါဘူး။အခိုးတွေအပေါ်မှုတ်ပြီးမျက်စိတွေနီရဲတာ၊မျက်စိမှုန်လာတာတွေကအပိုဆုပါ။တခါတရံအပေါ့အလေးတွေချုပ်တီးရလွန်းလို့ဒုက္ခအင်မတန်ရောက်ရပါတယ်။အဲကျွန်တော်တို့ရတဲ့လစာက တစ်သိန်းရဲ့အောက်တော်တော်ရောက်ပါတယ်။သန့်ရှင်းသောအစိုးရ၊ကောင်းမွန်သောအစိုးရကိုလဲကြိုက်ပါတယ်။ဖြစ်နိုင်ရင်အဂတိတရားကင်းရှင်းစွာနဲ့လုပ်ငန်းတာဝန်တွေကိုအားသွန်ခွန်စိုက်ပျော်ပျော်ကြီးထမ်းဆောင်ချင်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ဝတ်ဆင်ရတဲ့နဖူးကနေခြေဖျားအထိယူနီဖောင်းအဆင်တန်ဆာတွေက ဝယ်ရတာဗျ။တာဝန်ကျနေရာကိုသွားတဲ့ဆိုင်ကယ်နဲ့ဆီဘိုးကလဲကိုယ့်စရိတ်နဲ့ကိုယ်ပဲဗျ။အိမ်ကမိသားစုကစားတဲ့ဆန်တို့ဆီတို့ ကလေးကျောင်းစရိတ်တို့ကလဲအများနည်းတူပဲဗျ။ပေါက်ဈေးပဲ။နောက်ပြီးအများသူငါပျော်ရွှင်ကြတဲ့ပွဲလမ်းသဘင်တို့၊အခါကြီးရက်ကြီးတို့ဆိုရင်လုံးဝမအားတော့ဘူး။အားလုံးအဆင်ပြေချောမွေ့စွာသွားလာနိုင်ရေးအတွက်ကျွန်တော်တို့ရဲ့ဘဝတင်မကပဲ မိသားစုတွေရဲ့ဘဝပါပေးဆပ်ထားကြရတာပါ။ဒီကြားထဲမှာလူမုန်းများတာခံရပါသေးတယ်။ဘယ်သူဖြစ်ဖြစ်အဖမ်းခံရရင်ဘယ်ကျေနပ်ပါ့မလဲ။တချို့က ညပိုင်းမှာဆဲသွားကြသေးတယ်။အဆင့်မရှိတဲ့ကောင်တွေတဲ့။ဟုတ်ကဲ့ကျွန်တော်တို့ဆယ်တန်းအောင်မှဒီအထဲဝင်လို့ရခဲ့တာပါ။နောက်တမျိုးကျတော့လမ်းဘေးနေလမ်းဘေးစားတွေတဲ့။အဲဒါကျတော့မှန်နေပြန်ရော။ကျွန်တော်တို့လမ်းဘေးနေလမ်းဘေးစားနေတာအများပြည်သူတွေလမ်းပေါ်မှာအဆင်ပြေချောမွေ့စွာသွားနိုင်ဖို့ကျွန်တော်တို့နဲ့ကျွန်တော်တို့ရဲ့မိသားစုဝင်တွေရဲ့ဘဝတွေကိုကျေကျေနပ်နပ်ကြီးချခင်းပေးထားတာပါဗျာ။ဘာပဲပြောပြောကျွန်တော်တို့လမ်းရှင်းပေးရတာပျော်ပါတယ်။အများပြည်သူကလက်ခုပ်တီးပေးရင်ပိုပြီးပျော်ရမှာပါ။မြို့မေတ္တာခံယူတဲ့သားတွေဖြစ်ချင်ပါတယ်။

From မန္တလေးသတင်းပုံရိပ်များ

လွှတ်တော်သတင်း-“နိုင်ငံ့ဝန်ထမ်းဆရာဝန်များနှင့် ပတ်သက်၍ ပြောင်းရွှေ့ခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ ဘွဲ့လွန်သင်တန်းများ တက်ရောက်ခြင်းဆိုင်ရာ သတ်မှတ်ချက်မူများနှင့် စပ်လျဉ်းသည့် မေးခွန်း”ကို မေးမြန်းရာ

ဒေါက်တာအောင်သန်း (ရွှေဘိုမဲဆန္ဒနယ်)က “နိုင်ငံ့ဝန်ထမ်းဆရာဝန်များနှင့် ပတ်သက်၍ ပြောင်းရွှေ့ခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ ဘွဲ့လွန်သင်တန်းများ တက်ရောက်ခြင်းဆိုင်ရာ သတ်မှတ်ချက်မူများနှင့် စပ်လျဉ်းသည့် မေးခွန်း”ကို မေးမြန်းရာတွင် 



လွန်ခဲ့သော နှစ်များစွာမှ ယခုအချိန်အထိ နိုင်ငံ့ဝန်ထမ်းဆရာဝန်များသည် တိကျသော သတ်မှတ်ချက်မူများနှင့် ပွင့်လင်းမြင်သာစွာ သိခွင့်မရခဲ့သောကြောင့် နိုင်ငံ့ဝန်ထမ်း ထမ်းဆောင်ခြင်းအပေါ် စိတ်သောကနှင့် မရေရာသောလမ်းပေါ် လျှောက်နေရသလို ခံစားနေရတာကို တွေ့မြင်ရပြီး မိမိကိုယ်တိုင်လည်း ဝန်ထမ်းဘဝကိုဖြတ်သန်း လာခဲ့ရခြင်း အတွေ့အကြုံများကို အခြေခံပြီး ယခုအချိန်တွင် ပြုပြင် ပြောင်းလဲသင့်ပြီဟု ယူဆပါကြောင်း၊ နိုင်ငံ့ဝန်ထမ်း ဆရာဝန်များဟာ အလုပ်စတင် ဝင်ရောက်စဉ်ကပင် မည်သည့်ဒေသမဆို သွားရောက်တာဝန် ထမ်းဆောင်ပါမည်ဆိုသော ဝန်ခံကတိလက်မှတ်
ရေးထိုးကြရပြီး ထိုအတိုင်းပင် ဝေးလံသော ဒေသများသို့သွားရောက် သို့ရာတွင် ၄င်းဒေသတွင် မည်မျှကြာကြာတာဝန် ထမ်းဆောင်ရမလဲ ဆိုသော ပြဿနာရှိလာကြောင်း၊ နှုတ်အားဖြင့် ၁ နှစ်၊ ၂ နှစ်ဟု အာမခံချက်မျိုးရှိနေသော်လည်း ရံဖန်ရံခါတွင် ၃ နှစ်၊ ၄ နှစ် ကြာသည်အထိ ပြောင်းရွှေ့ဖို့လျှောက်လွှာတင်သော်လည်း ပြန်ပြီး မပြောင်းရသော ဆရာဝန်များလည်း ရှိလာပါကြောင်း၊ ဝေးလံ
ခေါင်သီသော ဒေသများသို့ တစ်ကြိမ် ရောက်ပြီး နောက် ဘယ်တော့ ပြန်ရောက်မည် ဆိုသည်များကိုလည်း မသိရကြောင်း၊ ထို့ကြောင့် တချို့ဆရာဝန်များသည် ဝေးလံ ခေါင်သီသော အရပ်ဒေသများသို့ ရောက်ပြီးနောက် ၂ နှစ်ခန့် အကြာတွင်ပင် ထိုနေရာများသို့ တစ်ကြိမ် ပြန်ရောက်သွား သောကြောင့် စိတ်ဓာတ်ကျ အလုပ်ထွက် သွားသည်များ၊ နိုင်ငံခြားသို့ထွက်သွားသည်များ ရှိသောကြောင့် နိုင်ငံ၏ စွမ်းအားအရင်းအမြစ်များ ဆုံးရှုံးသွားနိုင်ပါကြောင်း၊ သို့ပါသောကြောင့် အကယ်၍ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ သတ်မှတ်ချက်မူ တိတိကျကျ ချထားပေးလျှင်ပင် ဆရာဝန်များအနေနှင့် နိုင်ငံတာဝန်ထမ်းဆောင်ရာတွင် ဝေးလံခေါင်သီအရပ် ဒေသများကို အေးချမ်းစွာ သွားနိုင်မှာဖြစ်ပါကြောင်း၊ ရာထူးတိုးမြှင့်ပေးခြင်းနှင့် ပတ်သက်၍ ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးနှင့် ပတ်သက်သော ဆရာဝန်များရှိပါကြောင်း၊ သို့သော်လည်း အချို့ ရာထူးတိုးရာတွင် ပညာအရည်အချင်းတူသော်လည်း လုပ်သက်နုသောသူက အရင်ရာထူး တိုးသွားခြင်း၊ ရှေ့မှာကိုယ်က ရာထူးတိုးခွင့် ရှိသော်လည်း ရှေ့တွင်အခွင့်အလမ်း ပိတ်နေခြင်းများ ရှိသောအခါ ပြဿနာများ ရှိပါကြောင်း၊ တိကျသေချာသော မူများရှိစေလိုကြောင်း၊ အခြားတစ်ချက်မှာ ရာထူးတိုးသော နေရာတွင် ဝဖ ပုံစံဆိုတာရှိကြောင်း၊ ထိုပုံစံမှာ အကြီးအကဲ ဆရာဝန်ကြီးများက လက်အောက်ရှိ လက်ထောက်ဆရာဝန်များ (သို့) မိမိနှင့်ဆက်စပ်သောဆရာဝန်များ၊ မိမိတာဝန်ယူ အုပ်ချုပ်ရသော ဆရာဝန်များအပေါ် အမှတ်ပေး စနစ်ဖြင့် ဆောင်ရွက်မှု၊ အရည်အချင်း၊ တာဝန်ကျေမှုအခြေအနေများကို ဝဖ ပုံစုံနှင့် အသုံးပြုခြင်းများ ရှိပါကြောင်း၊ သို့ရာတွင် ဝဖ ပုံစုံ၏ အရေးပါမှု မရှိသလိုဖြစ်နေပါကြောင်း၊ ကြီးကြပ်သော ဆရာဝန်ကြီးတွေကလည်း လျှို့ဝှက်သဘောမျိုး မဟုတ်ဘဲ အားလုံးထောက်ခံပေးပြီး ဝဖ ပုံစံထားရှိရသော ပုံစံသည်လည်း အကျိုးမသက်ရောက်သကဲ့သို့ ရှိနေ သောကြောင့် အရေးပေး ဆောင်ရွက်သင့်ကြောင်း၊ အခြားတစ်ချက်မှာ ဘွဲ့လွန်သင်တန်းတက်ရန် ရွေးချယ်သော နေရာများ၊ နောက် ဘွဲ့လွန်အောင်မြင်ပြီး ဆရာဝန်များကို တာဝန်ချထားရာတွင်လည်း မူဝါဒ၊ သတ်မှတ်ချက်များ သေသေချာချာ ရှိဖို့လိုအပ်ကြောင်း၊ အချို့ဆရာဝန်များသည် မြို့ကြီးများတွင်သာ တာဝန်ထမ်းဆောင်၍ အထူးကုဆရာဝန်ကြီးတွေဖြစ်သွားကြကြောင်း၊ တချို့ဆရာဝန်များမှာ မြို့ငယ်လေးများတွင် တဝဲလည်လည်နေရင်း တစ်ခါတစ်ရံ အလွန်ဝေးလံသော နေရာများ၊ မြို့ငယ်လေးများတွင် ရောက်ရှိနေချိန် ဘွဲ့လွန်သင်တန်းခေါ်တာကို မသိလိုက်ရခြင်း၊ စာကျက်ရန်အခွင့်အလမ်း နည်းပါးခြင်းများကြောင့် မဖြေလိုက်ရသောဆရာဝန်များ လည်းရှိပါကြောင်း၊ ၄င်းတို့အတွက် ဘွဲ့လွန်သင်တန်းဖို့ အခွင့်အလမ်းရစေရန် မူလေးတွေချထားပေးသင့်ပါကြောင်း၊ အခြားတစ်ချက်မှာ ဘွဲ့လွန်သင်တန်းတက်ခွင့်ပေးရာတွင် တချို့ တာဝန်ကျမြို့ငယ်များတွင် ဆရာဝန်၊ လက်ထောက်ဆရာဝန်များ ဘွဲ့လွန်သင်တန်းတက်နေစဉ် အစားထိုးမှုမရှိသောကြောင့် ပြည်သူလူထုရဲ့ကျန်းမာရေး စောင့်ရှောက်မှုတွင် အလွန်အားနည်း သွားသည်များ ရှိပါကြောင်း၊ သို့ပါသောကြောင့် ဒီဘွဲ့လွန်သင်တန်း ခေါ်ယူရာတွင် ထိုက်သင့်တဲ့ပြည်သူတွေဘက်ကရော၊ ဆရာဝန်တွေဘက်ကရော သင့်‌တင့်သော မူများချပေး စေလိုကြောင်းဖြင့် မေးမြန်းခဲ့ပါသည်။

Friday, February 22, 2013

`မန္တလေး-တောင်ကြီး ခရီးသည်တင်ယာဉ်တစ်စီး ဘရိတ်ပေါက်၍ ချောက်ထဲကျ´

`မန္တလေး-တောင်ကြီး ခရီးသည်တင်ယာဉ်တစ်စီး ဘရိတ်ပေါက်၍ ချောက်ထဲကျ´

ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့ နံနက် ၄နာရီ ၄၅မိနစ်အချိန်က မန္တလေးမှ တောင်ကြီးမြို့သို့ ခရီးသည် ၂၅ ဦးလိုက်ပါလာသော ရန်ကြီးအောင်ခရီးသည်တင်ယာဉ်အမှတ် ၂ ဃ /------သည် ဟဲဟိုး-အောင်ပန်းပြည်ထောင်စုလမ်းမကြီး သီခေါင်တောင်အဆင်းမိုင်တိုင်အမှတ် (၈၇/၄)နှင့် (၈၇/၅)အကြားတွင်
ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ ပေ ၂၀၀ အကွာခန့်ရှိချောက်တွင်းသို့ ထိုးကျသွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှသိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် တစ်ဦးတစ်ယောက်မျှ သေဆုံးမှုမဖြစ်ခဲ့သော်လည်း ယာဉ်မောင်းနှင့်နောက်လိုက် အပါအ၀င် ခရီးသည် ၂၅ဦးအနက် အမျိုးသား ၁၂ဦးနှင့်အမျိုးသမီး ၇ဥိးတို့မှာ ထိခိုက်ဒဏ်ရာအချို့ရရှိခဲ့ပြီးအောင်ပန်းဆေးရုံသို့ တင်ပို့ကုသထားရကြောင်းသိရသည်။

____________________________________
သူရထွန်း(Popular Myanmar News)

အသက်(၅၀)အောက် မြန်မာနိုင်ငံသား ၉၉ ရာခိုင်နှုန်းဟာ အင်္ဂလိပ်စကားဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ပီပီသသ အဆင့်မြင့်မြင့် မပြောနိုင်ကြပါ


ကိုမင်းကိုနိုင် အင်္ဂလိပ်စကားမပီလို့ မပြောတတ်လို့ သိက္ခာကျတယ် စိတ်ပျက်စရာကောင်းတယ်လို့ဆိုပြီး စစ်သားတွေက ဆိုဒ်ဝါးတွေလုပ်လိုက်တာ လူတွေလဲ ဆိုဒ်မြောတွေဖြစ်ကုန်ကြတယ်၊
တကယ်တော့ လက်ရှိအသက် (၅၀)ခန့်ရှိနေတဲ့ ဒါမှမဟုတ် အသက်(၅၀)အောက် မြန်မာနိုင်ငံသား ၉၉ ရာခိုင်နှုန်းဟာ အင်္ဂလိပ်စကားကို မြန်မာလူမျိုးစစ်စစ် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ပီပီသသ အဆင့်မြင့်မြင့် မပြောနိုင်ကြပါဘူး.....၊


အဲ့ဒါက စစ်အာဏာရှင် ဗိုလ်နေဝင်းတက်လာပြီးတဲ့နောက်ပိုင်း ပညာရေးစနစ် အဖျက်ဆီးခံရမှုကစတင်ပြီး ယနေ့ စစ်ဘောင်းဘီချွတ်တွေ အုပ်ချုပ်နေတဲ့ ယနေ့တိုင်ပါပဲ...၊
ကိုမင်းကိုနိုင်လို တက္ကသိုလ်ကျောင်းသား တဝက်တပျက် နှစ်ရှည်ထောင်ထွက်တယောက်ကို အသာထားပါဦး....မြန်မာပညာရေးကို ဖျက်ဆီးခဲ့တဲ့ စစ်အာဏာရှင်ကြီး ဗိုလ်နေဝင်းကိုယ်တိုင်ရော အင်္ဂလိပ်လို မိန့်ခွန်းပြောနိုင်ခဲ့ပါသလား...? အဲ့ဒီလိုပဲ စစ်အာဏာရှင် အဆက်ဆက်ဖြစ်ခဲ့တဲ့ ဗိုလ်စိန်လွင်၊ ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေနှင့် ယနေ့ဗိုလ်သိန်းစိန်တို့ဟာ ဘယ်သူမှ အင်္ဂလိပ်လို မိန့်ခွန်းမပြောနိုင်ကြပါဘူး....
စစ်တပ်လောကမှာ တော်ပါတယ် ထက်ပါတယ် လူရည်လည် ပညာတတ်တယောက်ပါလို့ နာမည်းကြီခဲ့တဲ ထောက်လှန်းရေး ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့်လဲ အင်္ဂလိပ်လို မိန့်ခွန်းပြောဆိုနိုင်ခြင်းမရှိပါဘူး....
ဒီတော့ ကမ္ဘာအလယ်မှာ ပညာတတ် ဒီအက်စ်အေဆင်း စစ်ဗိုက်ချုပ်ကြီးတွေလို့ ကိုယ့်ကိုယ်ကို အမွှန်းတင်ထားကြတဲ့ လူတွေကိုသတ်ပြီးတော့ ဒါးပြတွေလိုအုပ်ချုပ်တတ်တဲ့ အဖားကောင်းလို့ အစိုးရလူကြီးတွေ သမ္မတတွေ ဝန်ကြီချုပ်တွေဖြစ်လာတဲ့လူတွေက သူတို့မတတ်တာကို သူများတွေက အပြစ်ပြောနေကြတာကိုကာမိအောင် ကြိုကန်ပြီးတော့ ဆိုက်ဒ်ဝါးတွေထည့်နေကြတဲ့အထဲ ကိုမင်းကိုနိုင်ကို ချစ်ခင်ကြတဲ့သူများလဲ မျက်စိလည်ပြီး ပါကုန်ကြတယ်ထင်ပါတယ်...၊
စဉ်းစားကြည့်လေ...ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာအလယ်မှာ ကမ္ဘာသုံးအင်္ဂလိပ်ကို ကမ္ဘာကိုလက်ဖျားခါအောင်ပြောသွားတော့ ဘယ်သကောင်းသာ ဘယ်စစ်အဝှာမှ မကြားလိုက်ကြဘူး နားတွေကကန်း ကန်းနိုင်လွန်းလှတယ် ။

( ဦးနိုင်ဝင်း လန်ဒန် )

ဗုဒ္ဓဘာသာ (၅)မျိုး

ဗုဒ္ဓဘာသာ (၅)မျိုး
။။။။။။။။။။။။။။။။။။။။။။။။။


ယနေ့ခေတ်လူတွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။ ဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်း မသိကြတော့ပါဘူး။ ဒီလိုအခြေအနေတွေကိုသိလို မြတ်စွာဘုရားက “နောင်အနာဂတ်မှာ ဗုဒ္ဓဘာသာ (၅)မျိုး ကွဲပြားလိမ့်မယ်”ဟု ဟောတော်မူခဲ့ပါတယ်။ အဲ့ဒီ ဗုဒ္ဓဘာသာ(၅)မျိုးကတော့

(၁) ကုလ ဗုဒ္ဓဘာသာ
(၂) လာဘ ဗုဒ္ဓဘာသာ
(၃) ဘယ ဗုဒ္ဓဘာသာ
(၄) သဒ္ဓါဓိက ဗုဒ္ဓဘာသာ
(၅) ပညာဓိက ဗုဒ္ဓဘာသာ

(၁)ကုလ ဗုဒ္ဓဘာသာ
ကုလ ဗုဒ္ဓဘာသာဆိုတာ ရိုးရာဗုဒ္ဓဘာသာ ကိုပြောတာပါ။ အမေအဖေက ဗုဒ္ဓဘာသာမို့ သားသမီးက ဗုဒ္ဓဘာသာဖြစ်လာ ရတာပါ။ မိဘက ခရစ်ယာန်ဆိုရင် သားသမီးကလည်း ခရစ်ယာန်။ဒါကို မိရိုးဖလာ ကုလဗုဒ္ဓဘာသာပေါ့။ မိဘကဗုဒ္ဓဘာသာမို့သာ သားသမီးက ဗုဒ္ဓဘာသာဖြစ်လာရတာ ဘုရားရှင်ဘာလို့ပွင့်မှန်းမသိ။ ဘုရားဘာတရား ဟောမှန်း လည်းမသိ။ ကိုးကွယ် နေတဲ့ မြတ်စွာဘုရား ဘာကြောင့်ကိုးကွယ်ရမှန်း လည်းမသိ။ တရားတော်ကို ဘာကြောင့်ကိုးကွယ်ရမှန်းမသိ။ ဘုရားကိုဦးချတာ ဘာရည်ရွယ်ချက်နဲ့ ဦးချမှန်းမသိ။ဘာကြောင့်ဒီလောက် ရိုရိုသေသေနဲ့ အလေးပြုနေမှန်းကို မသိတာ။ လုပ်တော့လုပ် နေတာပဲ အသိပညာ ဘာမှမပါတာ။ကုလ ဗုဒ္ဓဘာသာပါ။

(၂)လာဘ ဗုဒ္ဓဘာသာ
လာဘ ဗုဒ္ဓဘာသာဆိုတာ လာဘ်လာဘလိုလို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာာသာကို ဆိုလိုတာပါ။ ဒီဘဝ စီးပွားရေးလေးတက်မလားဆိုပြီးမှ ဘုရားကိုးကွယ်တာမှာရွေးပြီးကိုးကွယ်တယ်။ ဒီဘုရား ကိုးကွယ်ရင်တော့ လာဘ်လာဘ ပေါများတယ် ဟိုဘုရား ကိုးကွယ်ရင်တော့ စီးပွားရေးတက်တယ်ဆိုပြီး ရွေးကိုးကွယ်တာ လာဘ ဗုဒ္ဓဘာသာပါ။ဘုရားကိုးကွယ်မှ လာဘ်ပေါများ မယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန်တွေ ဘာလို့ လာဘ်ရွှင်နေလဲ။အဓိက စီးပွားရေးဖြစ်နေတယ်ဆိုတာ ဘုရားကြောင့်မဟုတ်ပါဘူး။ ကံ၊ညဏ်၊ဝိရိယ သတ္တိကြောင့်ပါ။ အိမ်ခြံ ဝယ်မယ်။ ရောင်းမယ်။ အိမ်နေရာပြောင်းမယ်ဆိုရင်တောင်မှ ရက်ရာဇာ ပြဿဒါး ရွေးနေတာတွေ။ ဘုရား ကျောင်းဆောင် ပေါ်မှာ ဘိုတော် ဘွားတော်ပုံတွေ တင်ထားတာတွေ။ကိုကြီးကျော် ၊ မနှဲလေး အစရှိတဲ့ နတ်တွေ ကိုးကွယ်တာတွေ။ ဗေဒင် ယုံကြည်ပြီး ယတြာတွေ ချေလိုက်ကြ စတဲ့ လာဘ်လာဘ လိုချင်လို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာများကို လာဘဗုဒ္ဓဘာသာလို့ ခေါ်ပါတယ်။

(၃)ဘယ ဗုဒ္ဓဘာသာ
ဘယ ဗုဒ္ဓဘာသာဆိုတာ ဘေးကိုကြောက်လို့ ကိုးကွယ်တာကိုခေါ်ပါတယ်။ အန္တရာယ်ကင်းဖို့၊ ဘေးရှင်းဖို့၊အသက်ရှည်ဖို့၊ ကျန်းမာဖို့၊ဒီလိုအတွေးအခေါ်တွေနဲ့ ဘုရား ကိုးကွယ်တာကို ဘယဗုဒ္ဓဘာသာဟုခေါ်ပါသည်။ ဒီဘုရား ကိုးကွယ်မှ အသက်ရှည် မယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန် အစလာမ်တွေ အသက်ရာကျော်
ရှည်နေကြတာ ဘာလို့ပါလဲ။ ဘာမှမသိဘဲ ရမ်းကိုးကွယ်တာ ကုလ ဗုဒဘာသာ၊ လာဘ်လာဘ လိုချင်လို့ကိုးကွယ်တာ လာဘဗုဒ္ဓဘာသာ။ ဘေးကြောက်ပြီး အကိုးအကွယ် မှားနေတာ ဘယ ဗုဒ္ဓဘာသာ။ ဒီ ကုလ၊လာဘ၊ဘယ ဗုဒ္ဓဘာသာ
(၃)မျိုးကို အောက်တန်းစားဗုဒ္ဓဘာသာဟုခေါ်ပါသည်။ ဟိုလူမပါ။ ဒီလူမပါ။ ဟိုလူပသပါတယ်။ ဒီလူပသပါတယ်။ လက်ညှိုးထိုး ခွက်လှန် လုပ်နေတာတွေကို ဘုရားက သူတောင်းစား ဗုဒ္ဓဘာသာပါတဲ့။ ခန္ဓာမှာ အသိ၊ဘာသာရေအသိဓာတ်ခံ နည်းတော့ လိမ်စားနေတဲ့သူတွေက လိမ်လို့ကောင်းနေပါတယ်။ဘုရားလည်း
ကိုးကွယ်ရသေး၊တရားလည်းကိုးကွယ်ရသေး၊ဆွမ်းဦးကိုလည်း လောင်းလှူရသေး၊ သာသနာတော်ကိုလည်း ပစ္စည်းလေးပါး နဲ့ လှူဒါန်းပူဇော်ဆက်ကပ်ရသေး။ဘာအတွက် ဒါတွေ လုပ်နေရတာလည်း ဘာအတွက် သာသနာကိုချီးမြှောက်နေတာလည်း
ဘာအတွက် ကျောင်းဆောက်နေတာလည်း။စဉ်းစားပါ။ဝေဖန်ပါ။သုံသပ်ပါ။

(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ
သဒ္ဒါဓိက ဗုဒ္ဓဘာသာဆိုတာ သဒ္ဒါတရားကို အရင်းခံပါတယ်။သဒ္ဒါတရားဆိုတာ
ယုံကြည်ချက်ပါ။ဘုရား၊တရား၊သံဃာကို တကယ်သက်ဝင်ယုံကြည်တာကို ခေါ်ပါတယ်။ ယုံကြည်တဲ့နေရာမှာလည်း မှန်မှန်ကန်ကန် ယုံကြည်တဲ့ သမ္မာသဒ္ဒါ နဲ့ မှားမှားယွင်းယွင်း ယုံကြည်တဲ့ မိစ္ဆာသဒ္ဒါဆိုပြီး (၂)မျိုးရှိပါတယ်။
> သမ္မာသဒ္ဒါ မှန်မှန်ကန်ကန် ယုံကြည်ချက် ဆိုတာ သစ္စာတရား သိတော်မူတဲ့ မြတ်စွာဘုရားဟာ ဝေနေယျ သတ္တဝါတွေကို သူသိသကဲ့သို့ မေတ္တာ ဂရုဏာတော်အပြည့်နဲ့ သစ္စာလေးချက် နက်ကိုဟောကြားတော် မူခဲ့ပါတယ်။ ဒီတရားတော် အနက် တွေကိုပိုင်ပိုင်နိုင်နိုင်သိတော်မူသွားကြတဲ့ အရိယာသူတော်စင်ကြီးတွေဟာ နိဗ္ဗာန်ဝင်စံသွားကြပါတယ်။ နိဗ္ဗာန်ဆိုတာ အို ၊သေ၊ နာ လွတ်ရာပါ။အသေလွတ်ရာ ပြတတ်လို့ မြတ်စွာဘုရားအား ကိုးကွယ်ပါ၏ ဆိုတဲ့ ယုံကြည်ချက်ဟာ မှန်ကန်သောယုံကြည်ချက် တရားတော်ကို ဘာကြောင့်ကိုးကွယ်ရသလဲ။ မြတ်စွာဘုရားဟောတော်မူခဲ့သော တရားတော်ကို ကြိုစားအားထုတ်လိုက်လို့ တရားလမ်းကြောင်းအတိုင်းသာ လျှောက်သွားနိုင်ရင် နိဗ္ဗာန်ရောက်ပါမည်။ ထိုအသေလွတ်ရာ ပို့ဆောင်တာ တရားက ပို့ ဆောင်တာပါ။ ပုဂ္ဂိုလ်က ပို့ဆောင်တာ မဟုတ်ဘူး။ ထိုတရားတွေ မကွယ်မပျောက်သေးတာ ဘယ်သူ့ကျေးဇူးပါလဲ ဆိုရင် သံဃာတွေရဲ့ ကျေဇူးပါ။ဘုရားရှင်ဟောတော်မူသော ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်၊ သုတ်ဝိနည်း အဘိဓမ္မာတရားတွေ သံဃာတော်တွေက ဆောင်ထားတာပါ။ ပိဋကသုံးပုံကို သံဃာတော်တွေက ***ရှောက်ထားတာပါ။ သံဃာတော်ကို ယုံကြည်မှု။ဒါတွေက ရတနာမြတ်သုံးပါးကို မှန်မှန်ကန်ကန် ယုံကြည်တဲ့ သမ္မာသဒ္ဒါယုံကြည်မှု။
> မိစ္ဆာသဒ္ဒါယုံကြည်မှုကလာဘ်လာဘပေါတယ်။ အန္တရာယ်ကင်းတယ်ဆိုပြီး ကိုးကွယ်ယုံကြည်နေတာ မိစ္ဆာသဒ္ဒါ။ လာဘ်လာဘ ပေါတယ်ဆိုတဲ့ လာဘ ဗုဒ္ဓဘာသာယုံကြည်ချက်၊အန္တရာယ်ကင်းအောင်ဆိုပြီး ဘယဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်ချက်၊ ဗုဒ္ဓရဲ့ ဂုဏ်ကျှေဇူးကို ဘာမှနားမလည်ဘဲ သူများဦးတိုက်လို့သာ ရမ်းဦးတိုက်ရတဲ့ ကုလ ဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်မှု ဒါတွေဟာ မိစ္ဆာသဒ္ဓါတွေပါ။

အသေလွတ်ရာလမ်းကို ပြတတ်လို့ ၊ အသေလွတ်ရာ ပို့ဆောင်နိုင်လို့၊ အသေလွတ်ရာ တရားကိုဆောင်ထားနိုင်လို့ ရတနာ သုံးပါးကို ကိုးကွယ်ပါ၏ ဆိုတဲ့ သမ္မာသဒ္ဒါ။ အနှစ်သာရမရှိတာကို မရှိဘူးလို့ သိပါတယ်။ အနှစ်သာရ ရှိတာကို ရှိတယ်လို့သိပါ တယ်။ မှားတာကို မှားတယ်လို့ သိတယ်။ မှန်တာကို မှန်တယ်လို့သိတယ်။ သိတဲ့ အပြင်၊ အမှားလမ်းကို ရှောင်၊ အမှန်လမ်းကို ဆောင်တာသည် သမ္မာသဒ္ဒါ ရှိတဲ့ သဒ္ဒါဓိက ဗုဒ္ဓဘာသာပါ။

(၅)ပညာဓိက ဗုဒ္ဓဘာသာ
သစ္စာတရားကို သေချာသိတဲ့ ဗုဒ္ဓဘာသာကို ပညာဓိက ဟုခေါ်သည်။ ပညာဓိက ဗုဒ္ဓဘာသာဟာ တရားတော်ကို ယုံကြည်တယ်။ တရားတော်ကို ဘယ်လိုယုံကြည် တာလည်းဆိုတော့ ရမ်းယုံကြည်တာမဟုတ်ဘဲ ခန္တာအသိနဲ့ အသေအချာသိပြီး ယုံတယ်။ထိုသို သိတာကို ပညာ ဟုခေါ်ပါသည်။သစ္စာလေးပါးကို အသေအချာ ပညာနဲ့သိတဲ့ ဗုဒ္ဓဘာသာ၊ ဖြစ်ပျက်မှုတွေကို သိတဲ့ ဗုဒ္ဓဘာသာ ဖြစ်ပျက်မြင်တာ ခန္တာက မြင်တာလား ပညာကမြင်တာလားဆိုတော့ ပညာကမြင်တာပါ။ပညာဓိကဗုဒ္ဓဘာသာပါ။ ဘုရားက မင်းတို့ခန္တာထဲမှာ ဖြစ်တာနဲ့ ပျက်တာပဲ ရှိတာလို့ဟောခဲ့ပါတယ်။ဒါကို
ကိုယ်တိုင် သစ္စာတရားကို သေချာသိပြီး ကျင့်ကြည့် လိုက်တော့ မြင်တယ်။ ကိုယ်တိုင်မြင်တော့ ယုံကြည်လာတယ်။ယုံကြည်တော့ သဒ္ဒါ၊ဖြစ်ပျက်မြင်တာက ပညာ။
ထိုကြောင့် သဒ္ဒါနဲ့ပညာ သွားပြီး တွဲနေပါတယ်။သဒ္ဒါနဲ့ ပညာဟာ တွဲလျက်ပါတဲ့။
သဒ္ဒါတရား မှန်မှန်ကန်ကန် နဲ့သာ ကြိုးစားမယ်ဆိုရင် အပါယ်လေးပါးမှ လွတ်မြောက်နိုင်၏။ တို့မှာ အပါယ်မျိုးစေ့တွေ၊အပါယ်ကျ ကြောင်းကံတွေ လုပ်ထာတာရှိတယ်။ဒါတွေကို ဘယ်သူမှ ဝင်တားလို့ မရပါဘူး။
သူကိုတားချင်ရင်၊ သူကိုအကျိုးမပေးစေချင်ရင် ဘာနဲ့ဖြတ်ရမလဲ ဆိုတော့ ဥာဏ်နဲ့
ဖြတ်ရမယ်။ဥာဏ်နဲ့ ဖြတ်လိုက်လို့ ဖြစ်ပျက်မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ်မှာ သဒ္ဒါလည်းပါတယ်၊ ပညာလည်းပါတယ်။ ဒါသည် သဒ္ဒါဓိက နှင့် ပညာဓိက ဗုဒ္ဓဘာသာ ဖြစ်ပါသည်။ သဒ္ဒါဓိက နှင့် ပညာဓိက ဗုဒ္ဓဘာသာဟာ အထက်တန်း ဗုဒ္ဓဘာသာပါ။ သဒ္ဓါနှင့် ပညာ balance (ဟန်ချက်ညီ)ဘို့လဲ လိုပါတယ်၊ သဒ္ဓါလွန်ကဲ ပညာနဲပြန်ရင် (နှစ်လုံးလှ လူမိုက်ကြီး) သူတော်ကောင်းလူအကြီးဖြစ်သွားပါတယ်၊ ဆင်ခြင်တုံတရားနဲပါးသူတွေက (superstitious rites, scarified, prayer,) အကျိုးမရှိတဲ့နေရာနေမှာ ကိုယ့်အချိန်တွေ ကို အသုံးချနေကြပါတယ်။ သဒ္ဓါနဲပြီး ပညာကဲနေပြန်ရင်လဲ ပညာရှိလူမိုက်ကြီး ဖြစ်နိုင်ပါတယ်။ ဆိုလိုတာက ဘယ်အရာမဆို အစွန်းမရောက်စေဘို့ပါဘဲ။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
Copy and Creidt to ^..^
Buddhism Beams(Myanmar)

တရားမ၀င် ၀င်ရောက်နေထိုင်မှု၊ အခြေချ နေထိုင်မှုတို့ကို အမျိုးသားရေး တာဝန်တရပ်အဖြစ် ပူးပေါင်း အသိပေး ဖော်ထုတ်ပေးပါက ပိုမို ထိရောက်မည်




“မန္တလေးမြို့သို့ မြန်မာစကား မတတ်သည့် လူမျိုးများ တရားမ၀င် ၀င်ရောက်နေထိုင်မှုများ မဖြစ်စေရန် စနစ်တကျ စစ်ဆေးရမည်ကိုလည်း ကောင်းစွာသဘောပေါက်ပြီး ယခု အစိုးရသစ် လက်ထက်တွင် မိမိဝန်ကြီးဌာနက လေးစား လိုက်နာလျှက် ရှိပါတယ်၊

မိမိဌာနက ထုတ်ပေးထားသော အိမ်ထောင်စုလူဦးရေ စာရင်းများသည် တရားဝင် ထုတ်ပေး ထားခြင်းရှိ၊ မရှိ၊ ထုတ်ပေးမှုမှန်ကန်ခြင်းရှိ၊ မရှိ၊ အိမ်ထောင်စုစာရင်း မရှိဘဲ ဧည့်စာရင်းဖြင့် နေထိုင်ခြင်း၊ သို့မဟုတ် တရားမ၀င် နေထိုင်ခြင်းရှိ၊ မရှိ ရုံး လက်ခံ မှတ်တမ်းများဖြင့် တိုက်ဆိုင် စစ်ဆေးမှုများအား မန္တလေးတိုင်း ဒေသကြီးအတွင်း စတင် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

မမှန်မကန် ဆောင်ရွက်ခဲ့သည့် ၀န်ထမ်းများအား ထိရောက်စွာ စစ်ဆေး အရေးယူသွားမည် ဖြစ်ပြီး တရားမ၀င် နေထိုင်သူများအားလည်း အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပါတယ်။

တရားမ၀င် ၀င်ရောက်နေထိုင်မှု၊ အခြေချ နေထိုင်မှုတို့သည် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ဒေသခံ ပြည်သူများကလည်း အမျိုးသားရေး တာဝန်တရပ်အဖြစ် ပူးပေါင်း အသိပေး ဖော်ထုတ်ပေးပါက ပိုမို ထိရောက်မည်ကိုလည်း တပါတည်း အသိပေးလိုပါတယ်။”

ဦးကျော်ကျော်ဝင်း
ဒုတိယဝန်ကြီး
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန
-----------------------------------------------------------------------
(၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က မန္တလေးမြို့တွင် မြန်မာစကား မတတ်သည့် လူမျိုးများ တရားမ၀င် ၀င်ရောက် နေထိုင်မှုကို စိစစ်ဖော်ထုတ် အရေးယူပေးရန် တင်ပြချက်အပေါ် ရှင်းလင်းဖြေကြားချက်မှ)

____________________________________
မျှဝေသူ-ဦးဇော်ဌေး(ခ) မှူးဇော်

Saturday, September 29, 2012

ဘွဲ့မရသော အာရှသား ခရီးသွားများ မလာရဟု UAE ကန့်သတ်



ဒူဘိုင်း၊ စက်တင်ဘာ ၂၅

နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ အမြောက်အမြား လာရောက် လည်ပတ်လေ့ ရှိသော အာရပ်စော်ဘွားများ နိုင်ငံ (UAE) သည် အာရှနိုင်ငံများမှ ကမ္ဘာလှည့် ခရီးသည်များကို ဘွဲ့ရမှ ၎င်းင်းတို့ နိုင်ငံသို့ လာရောက် လည်ပတ်ခွင့် ရမည်ဟု သတ်မှတ် လိုက်ကြောင်း တယ်လီဂရပ် သတင်းစာက ရေးသား ဖော်ပြထားသည်။

အာရှ နိုင်ငံသားများသည် ခရီးသွား ဧည့်သည် Tourist ဗီဇာမျာ

းဖြင့် UAE သို့ဝင် လာကြပြီး တရားမဝင် ရွှေ့ပြောင်း လုပ်သားအဖြစ် နေထိုင်တတ်ကြသောကြောင့် ဤသို့ ကန့်သတ်ချက် ထားလိုက် ရခြင်းဖြစ်ကြောင်း ယင်းသတင်း တွင် ဖော်ပြထားသည်။

UAE လူဝင်မှု ကြီးကြပ်ရေး အကြီးတန်း အရာရှိ တစ်ဦးကို ကိုးကားလျက် Gulf News သတင်းစာက ရေးသား ဖော်ပြထားသည်မှာ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနှင့် ဖိလစ်ပိုင် နိုင်ငံတို့မှ Tourist ခရီးသွား ဗီဇာ နှင့် လာသူများကို လက်မခံတော့ဟူ၍ ဖြစ်သည်။ အစီအစဉ်သစ် အရ ခရီးသွား ဗီဇာ လိုချင်သော အာရှနိုင်ငံသားများ အနေနှင့် တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိကြောင်း အထောက်အထား ပြနိုင်ရတော့မည် ဖြစ်သည်။

“ဒီလို လူဝင်မှု ကြီးကြပ်ရေး ပေါ်လစီကို ချမှတ် ရခြင်းဟာဖြင့် ခရီးသွား ဗီဇာ၊ ညီလာခံ ဗီဇာတွေနဲ့ ကော်လာပြာ လုပ်သားတွေ အလုံးအရင်း ဝင်ရောက် လာနေတာကို ကန့်သတ်လိုခြင်း ဖြစ်ပါတယ်”ဟု အဆိုပါ အစိုးရ အရာရှိကြီးက ပြောကြားသည်။

ဤကဲ့သို့ အာရှမှ ဘွဲ့ရ ပညာတတ်များသာ တိုင်းပြည်အတွင်းသို့ ဝင်ခွင့် ပြုစေခြင်းဖြင့် အစုအဖွဲ့ ရာဇဝတ်မှုများ၊ လူကုန်ကူးမှုများ ရပ်တန့်သွားနိုင်ကြောင်း Gulf News သတင်းစာက ဖော်ပြထားသည်။

ခရီးသွား Tourist ဗီဇာများကို များသော အားဖြင့် ဟိုတယ်၊ လေကြောင်းလိုင်းနှင့် ခရီးသွား အေဂျင်စီများက တစ်ဆင့် လုပ်ဆောင်လေ့ရှိသည်။ UAE ဒူဘိုင်းတွင် ခရီးသွား ဧည့်သည် အရေအတွက် ကလည်း နှစ်စဉ် တိုးလျက် ရှိပြီး နိုင်ငံခြားသား အလုပ်သမားများလည်း သန်းပေါင်းများစွာ ရှိနေကာ အများစုမှာ တောင်အာရှ နိုင်ငံများမှဖြစ်သည်။

ပြည်ပမှ လာရောက် နေထိုင်နေသူ ဦးရေမှာ ၈ ဒသမ ၂ သန်း အထိ ရှိသည်။

REF: The Voice Weekly
Posted by Admin Team-NOM

စင်ကာပူအခြေစိုက် Rival Edge Pte Ltd မှမြန်မာကွန်ပျူတာပညာရှင်များကရေးသားထုတ်လုပ်လိုက်သော Android ဖုန်းများတွင်ကစားနိုင်မည့် “ငတက်ပြား” အမည်ရမိုဘိုင်းဂိမ်း

(Android ဖုန်းများတွင်ကစားနိုင်မည့် “ငတက်ပြား” အမည်ရမိုဘိုင်းဂိမ်းတစ်ခုကို စင်ကာပူအခြေစိုက် Rival Edge Pte Ltd မှမြန်မာကွန်ပျူတာပညာရှင်များကရေးသားထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။


ဂိမ်းပုံစံကတော့Temple Run ဂိမ်းလိုပဲ ငတက်ပြားက အချိန်ပြ
ည့်ပြေးလွှားလှုပ်ရှားနေတဲ့ဇာတ်ကောင်အနေနဲ့ဆော့ကစားရမှာဖြစ်ပြီး ပြေးနေသည့်လမ်းတစ်လျှောက်ရွှေထုပ်အများအပြားရရှိအောင်ဆော့ကစားရမှာဖြစ်ပါတယ်။ ဂိမ်းရဲ့နောက်ခံတီးလုံးကို မြန်မာ့ရိုးရာတီးလုံးနဲ့ ဖန်တီးထားပါတယ်။ ဆော့လို့ကောင်းတဲ့ မြန်မာ ဂိမ်းလေးတစ်ခုဖြစ်ပါတယ်။ ငတက်ပြား for Android ဂိမ်းကိုကစားလိုသူများအောက်က link မှာရှိတဲ့ MMAS(Myanmar Mobile Application Store) Website မှာရယူနိုင်မှာဖြစ်ပါတယ်။

http://www.myanmarmobileapp.com/?p=16394

မြန်မာ့နိုင်ငံရေးဖြစ်စဉ်ဟာ နောက်ကြောင်းပြန်လှည့်နိုင်တယ်လို့ မယူဆကြောင်းသမ္မတဦးသိန်းစိန်က ပြောကြား


မြန်မာ့နိုင်ငံရေးဖြစ်စဉ်ဟာ နောက်ကြောင်းပြန်လှည့်နိုင်တယ်လို့ မယူဆကြောင်း အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ အာရှလူမှုအဖွဲ့ကြီး Asia Society ရဲ့ မြန်မာ့အရေးဆွေးနွေးပွဲမှာ သမ္မတဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။


မြန်မာနိုင်ငံမှာ ဒီမိုကရေစီရှင်သန်ခိုင်မာလာအောင် ဒီမိုကရေစီကျင့်စဉ်တွေ
ကို လိုက်နာဖို့ လိုကြောင်း၊ နိုင်ငံတကာစံနှုန်းတွေနဲ့အညီ ကိုက်ညီဖို့
လိုသလို ပြည်တွင်း ပြည်သူလူထု သဟဇာတကျဖို့လည်း ကြိုးပမ်း
ရမှာဖြစ်ကြောင်း ဦးသိန်းစိန်ကပြောပါတယ်။

ဒါ့အပြင် သမ္မတအဖြစ် နောက်ထပ် သက်တမ်း တာဝန်ယူဖို့ ဆန္ဒ
မရှိပေမယ့် နိုင်ငံ့လိုအပ်ချက်နဲ့ ပြည်သူ့ဆန္ဒအရ တောင်းဆိုလာရင် ဒုတိယသက်တမ်း ၅ နှစ်ကို ထမ်းဆောင်မှာဖြစ်ကြောင်း ဦးသိန်းစိန်က
ပြောပါတယ်။

REF: RFA Burmese
Posted by Admin Team-NOM